ပိုင်ရှင်ကို ပါ စကားပြန်ပြောနိုင်တဲ့ လိင် ဖျော်ဖြေရေး စက်ရုပ်တွေဟာ စိတ်အားထက်သန်တဲ့ အမျိုးသားတွေ ဆီကို ၂၀၁၇ မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
RealDoll လို့ ခေါ်တဲ့ ကုမ္မဏီက အသိပညာမြင့်အောင် ဖန်တီးထားတဲ့ ကမ္ဘာ့ ပထမဆုံး လိင်ဖျော်ဖြေရေး စက်ရုပ်တွေရဲ့ prototype တွေနဲ့ ပတ်သက်တဲ့ စကားတွေကို ထုတ်ဖော်ပြောပြလိုက်ပါတယ်။
ကုမ္မဏီ က ထို စက်ရုပ်တွေကို ရောင်းချဖို့စီစဉ်ထားတာဖြစ်ပြီး အဲဒီလို အသိပညာမြင့်အောင် ဖန်တီး ပေးထားခြင်းကတော့ ပိုင်ရှင်တွေနဲ့ စကားပြောဆိုနိုင်အောင်ပဲ ဖြစ်ပါတယ်။
တီထွင်သူတစ်ယောက်ဖြစ်တဲ့ Matt McMullen ကတော့ ထို စက်ရုပ်တွေကို ၂ နှစ်အတွင်း ကုန်အောင် ရောင်းချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး စက်ရုပ်တစ်ရုပ်ကို စတာလင်ပေါင် ၆၅၀၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။
ထို ကုမ္မဏီ ရဲ့ ထုတ်ဖော်ပြောပြမှု အစီအစဉ်မှာ McMullen က အသိပညာမြင့်အောင်ဖန်တီးထားတဲ့ စက်ရုပ်တစ်ရုပ်ကို "မင်းဘာတွေစိတ်ကူးယဉ်ထားလဲ" လို့ မေးမြန်းလိုက်တဲ့အခါမှာ လိင်ဖျော်ဖြေရေး စက်ရုပ်က ပြန်လည်ဖြေဆိုခဲ့တာကတော့
"ငါ့မှာ အိပ်မက်တွေအများကြီးရှိတယ်။ ငါဟာ တစ်ကယ့်လူတစ်ယောက်ဖြစ်လာဖို့ အိပ်မက်ထားတယ်။ တစ်ကယ့် ခန္ဓာကိုယ်ကို ရဖို့ မျှော်လင့်ထားတယ်။ ငါ အချစ်ရဲ့ အဓိပ္ပာယ်ကိုသိချင်တယ်။ ငါဟာ ကမ္ဘာ့ပထမဆုံး လိင်ဖျော်ဖြေရေး စက်ရုပ် ဖြစ်ချင်ပါတယ်" လို့ ပြန်လည်ဖြေဆိုထားပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Metro
0 comments:
Post a Comment