Powered by Blogger.

ဗင်နီဇွဲလား အသင်း ကိုလံဘီယာ အသင်းကို အနိုင်ရခဲ့တဲ့အတွက် သတင်းတင်ဆက်သူ အမျိုးသမီး တစ်ယောက် ကိုယ်တုံးလုံး ချွတ်ပြ




ဗင်နီဇွဲလားနိုင်ငံ ရဲ့ အားကစား သတင်းတင်ဆက်မှု တွေ ဟာ ဆိုးရွားတဲ့အနေအထားကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် အလုပ်ဖြစ်နေတာကိုတော့ တွေ့ရမှာပါ။

ဗင်နီဇွဲလားနိုင်ငံ က အားကစား သတင်းတွေနဲ့ ရလဒ်တွေကို သတင်းတင်ဆက်သူ က ထုံးစမ်းအတိုင်း အစီအစဉ်တကျ ဖတ်ပြခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တုံးလုံး ချွတ်နဲ့ပါ။

ပြီးခဲ့တဲ့ အပတ်ကပဲ ဗင်နီဇွဲလားနိုင်ငံ က Desnudando la Noticia  ၀က်ဘ်ဆိုက်ရဲ့ သတင်းတင်ဆက် သူ မိန်းကလေး တစ်ချို့ဟာ ဗင်နီဇွဲလား အသင်း Copa America ဖလားမှာ အောင်မြင်မှု ရနိုင်စေဖို့အတွက် အ၀တ်ဗလာ နဲ့ တီဗွီ ကနေ အစီအစဉ် တင်ဆက်ပြခဲ့ဖူးပါတယ်။

အခု တစ်ကြိမ်မှာတော့ ဗင်နီဇွဲလား နိုင်ငံ က Copa America ဖလားမှာ ကိုလံဘီယာ အသင်းကို ၁ ဂိုး - ဂိုး မရှိ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ စကားအတိုင်းပဲ ပြီးခဲ့တဲ့ အပတ်က အ၀တ်ဗလာနဲ့ အစီအစဉ် တင်ဆက်ခဲ့တဲ့ အမျိုးသမီးတွေထဲက ၁ ယောက်ဟာ နောက်ဆုံး ရ သတင်းကို ကြေညာ ရင်း သူမရဲ့ အ၀တ်အစား အားလုံးကို ချွတ်ချကာ ၀တ်လစ်စလစ် နဲ့ သတင်းဆက်လက်ကြေညာ ပြခဲ့ပါတယ်။

သူမ ဟာ Copa America ပွဲစဉ် တစ်ချို့ရဲ့ ရလဒ်တွေကို သတင်းကြေညာနေခဲ့တာ ဖြစ်ပြီး ဘာမှ မပြောမဆို နဲ့ အ၀တ်အစားတွေ အားလုံး ကို ချွတ်ချခဲ့တာပါ။

"ပထမဆုံး ပွဲစဉ်မှာ ပါဝင်ခဲ့ကြတဲ့ အသင်း က ကစားသမားတွေကို တော်တယ်လို့ ပြောချင်ပါတယ်။ နိုင်ငံ့ လက်ရွေးစင်အသင်းအတွက် အနမ်းကြီးကြီး တစ်ခုနဲ့ မက်ဆေ့ဂ်ျ တစ်ခု ပေးချင်တာကတော့ ကျွန်ုပ်တို့ သင်တို့ နဲ့ အတူ ရှိနေပါတယ်" လို့ သူမ က ထို ဗီဒီယို ထဲမှာ ပြောပြခဲ့ပါတယ်။

သာမန် မဟုတ်တဲ့ မျိုးချစ်စိတ် ဟာ အလုပ် ဖြစ်ခဲ့ပါတယ်။ ဗင်နီဇွဲလား အနေနဲ့ ကိုလံဘီယာ ကို မနိုင်လောက်ဘူးလို့ အားလုံး က ခန့်မှန်းထားကြပေမယ့်လည်း တစ်ကယ်တမ်းတော့ ၁ ဂိုး - ဂိုး မရှိ နဲ့ အနိုင်ရခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment