Powered by Blogger.

လမ်းလျှောက်ရင်း မိုဘိုင်းလ်ဖုန်းသုံးရာကနေ ဒုက္ခများခဲ့ရရှာတဲ့ ဆယ်ကျော်သက်ကောင်မလေး




အနည်းငယ်ပိန်တဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ မိုဘိုင်းလ်ဖုန်းနဲ့ စာရိုက်ရင်း လမ်းလျှောက်လာရာကနေ သူမရဲ့ ခြေထောက်တစ်ချောင်းလုံးဟာ လမ်းပေါ်က ရေးဆင်း မြောင်းပေါက် ရဲ့ သံတိုင်တွေကြားထဲကို ကျွံကျသွားခဲ့ပါတယ်။

တရုတ်နိုင်ငံ ၊ အနောက်တောင်ပိုင်းက Sichuan စီရင်စု ၊ Mianyang မြို့တော် က လမ်းတစ်ခု ပေါ်မှာ လမ်းလျှောက်လာတဲ့ အမည်မဖော်လိုသူ ဆယ်ကျော်သက်ကောင်မလေးဟာ သူမရဲ့ မိုဘိုင်းလ် ဖုန်းမှာပဲ အာရုံစိုက်နေခဲ့ပါတယ်။

သူမဟာ ဖုန်းနဲ့ပဲ သူမရဲ့ သူငယ်ချင်းတစ်ယောက်ဆီကို စာရိုက်ပြီး SMS ပို့ဖို့ကြိုးစားနေတဲ့အတွက် သူမဟာ သူမလျှောက်နေတဲ့ ပလက်ဖောင်းရဲ့ အနေအထားကို မကြည့်မိပဲ ရေဆင်းမြောင်းပေါက်ထဲချော်ကြခဲ့ပြီး မြောင်းပေါက်ကို ပိတ်ဆို့ထားတဲ့ သံတိုင် ကြားထဲကို ခြေထောက် တစ်ချောင်းလုံး ကျွံဝင်သွားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနားမှာ ရှိတဲ့ ဖြတ်သွားဖြတ်လာ တွေကလည်း သူမကို ကူညီဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့ရတယ်လို့ သိရပါတယ်။ 

၄၅ မိနစ် ခန့်ကြိုးစားပြီးတဲ့နောက်မှာတော့ ထို ဆယ်ကျော်သက် ကောင်မလေးကို ကြုံတွေ့နေရတဲ့ အခက်အခဲ ကြားထဲကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ 

မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်တဲ့ Ming Lai ဆိုသူ ပြောပြခဲ့တာကတော့ ထို ကောင်မလေးကို ကယ်တင်နိုင်ဖို့အတွက် ရေဆင်းမြောင်းပေါက် သံတိုင်တွေကို ဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။ ထို မိန်းကလေးရဲ့ ခြေထောက်မှာတော့ ပြဲရှသွားတဲ့ ဒဏ်ရာ အနည်းငယ်ရရှိသွားခဲ့ပေမယ့် ဆေးရုံ တက်ဖို့လောက်ထိတော့ မပြင်းထန်ခဲ့ပါဘူးတဲ့။

မျက်မြင်သက်သေ တစ်ယောက်ဖြစ်တဲ့ Jun Niu ဆိုသူကတော့ ထို အဖြစ်အပျက်ကို ဓါတ်ပုံ ရိုက်ထားခဲ့ပေမယ့် ခြေထောက်ကျွံကျသွားတဲ့ ကောင်မလေးကတော့ သူမရဲ့ မျက်နှာကို လက်ဝါးနဲ့ အုပ်ထားပြီး ရှက်နေခဲ့တယ်လို့ ဆိုပါတယ်။ 

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment