Powered by Blogger.

လူမျိုးရေးမုန်းတီးရုံနဲ့ လူမည်း ၉ဦးကို အစုလိုက်အပြုံလိုက်သတ်ခဲ့သော လူငယ်တစ်ဦး


တရားခံ Dylann Storm Roof ကို ဖမ်းဆီးခေါ်ဆောင်လာစဉ်


အသက် ၂၁နှစ်အရွယ် Dylann Storm Roof ဆိုသူဟာ ဇွန်လ ၁၇ရက်နေ့ညမှာ South Carolina ချက်ကျောင်းအတွင်း ၀င်ရောက်ပြီး သမ္မာကျမ်းစာ အပတ်စဉ် လေ့လာဆွေနွေးနေတဲ့ လူတွေကို အစုလိုက်အပြုံလိုက် သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး လူ၉ဦး သေဆုံးခဲ့ပါတယ်။

သူ့ကို North Carolina ဘက်ဆီ တရားခံလွှဲပြောင်းပေးဖို့အတွက် လေယာဉ်နဲ့ ပို့ဆောင်နေပါပြီ။

Roof ကို ဇွန်လ ၁၈ရက်နေ့ မွန်းလွဲပိုင်းမှာပဲ အခင်းဖြစ်ပွားရာ ချက်ကျောင်းနဲ့ မိုင် ၂၅၀အကွာ Shelby မှာ ဖမ်းမိခဲ့တာပါ။ ဒေသစံတော်ချိန် ၆နာရီ ၂၀မိနစ်အချိန်တွင်တော့ Roofကို ထောင်သားဝတ်စုံ၊ လက်ထိပ်၊ ကျည်ကာအကျီင်္တွေ ၀တ်ဆင်ထားစေပြီး လက်နက်ကိုင် ရဲအရာရှိ တစ်ဒါဇင်လောက်နဲ့ အတူ တရာခံလွှဲပြောင်းပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။

Roof ဟာ အခန်းထဲမှာ တစ်နာရီကျော်ကျော် ငြိမ်ငြိမ်လေးထိုင်နေပြီးမှာ မတ်တပ်ထပြီး “မင်းတို့ဟာ ငါတို့အမျိုးသမီးတွေကို မုဒိန်းကျင့်ပြီး ငါတို့နိုင်ငံမှာ နေရာယူထားကြတယ်။ မင်းတို့သွားပေတော့။” လို့  အော်ဟစ်ခဲ့တယ်လို့ အသက်ရှင်ကျန်ရစ်သူများက ဆိုပါတယ်။

Roof ဟာ ယခုတိုက်ခိုက်မှုအတွက် ၆လကြာ စီစဉ်နေခဲ့ပြီး သူ့ကိုယ်သူ သတ်မသေခင်မှာ ပြည်တွင်းစစ်ကို ဖန်တီးချင်နေခဲ့တယ်လို့လည်း သူ့ရဲ့ အခန်းဖော်ဖြစ်သူက ပြောပါတယ်။

“အမေရိကမှာ ဒီလိုလူဆိုးတွေကို ဒီလိုလုပ်ခွင့် ကျွန်တော်တို့မပေးပါဘူး။” လို့ Charleston မြို့တော်ဝန်၊ Joseph P. Riley Jr. က ဖမ်းဆီးရရှိမှု ကြေညာထုတ်ပြန်ခြင်း ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သေဆုံးသွားသော လူမည်းများအတွက် ဆုတောင်းပေးနေကြသူများ


( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment