Powered by Blogger.

နှေးကွေးစွာ အသက်ကြီးလာတဲ့ ဝေဒနာ ကို ခံစားနေရတဲ့ ကလေးမျက်နှာ နဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသား




ကိုရီးယား နိုင်ငံ ရဲ့ ပီတာပန် လို့ သတ်မှတ်ရမယ့် Shin Hyomyung လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ အသက် ၂၆ နှစ်ရှိနေသည့်တိုင် ကလေး တစ်ယောက်ရဲ့ အသွင်အပြင်နဲ့သာ ရှိနေခဲ့ပါတယ်။

သူ့ရဲ့ အသံနဲ့ ပါးပြင်တွေဟာလည်း အသက် ၁၂ နှစ်ထက် ပိုမကြီးနိုင်တဲ့ အသွင် အပြင်တွေရှိနေပေမယ့်လည်း တစ်ကယ်တမ်းတော့ မှတ်ပုံတင်ထဲမှာ ကြည့်လိုက်ရင် Mr Shin ဟာ ၁၉၈၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဒီနှစ်မှာပဲ သူဟာ ၂၆ နှစ်ပြည့်ခဲ့တာပါ။

သူဟာ လက်ရှိမှာပြည်တွင်း တီဗွီ အစီအစဉ်တစ်ခုမှာ ပါဝင်ရိုက်ကူးနေပြီး ထို အစီအစဉ်မှာတော့ Mr Shin ဟာ ကျော့ကျော့မော့မော့ ၀တ်စားဆင်ယင်ပြီး ဆိုဂျူးများသောက် ကာ ကလပ်ထဲမှာ သွားရောက်ကခုန်တဲ့အစီအစဉ်ပဲ ဖြစ်ပါတယ်။ ထို အစီအစဉ်ထဲမှာလည်း Mr Shin ကလပ်ထဲမှာ ကခုန်တဲ့အခါမှာ ကလပ်ထဲမှာရှိတဲ့ အမျိုးသမီးတွေက သူ့ရဲ့ ပါးကို ဆွဲ မဖျစ်ပဲ မနေနိုင်ခဲ့ပါဘူး။

သူ့ရဲ့ အိပ်ခန်းထဲမှာလည်း ဟောလီးဝုဒ် သရုပ်ဆောင် Scarlett Johanson ရဲ့ ဓါတ်ပုံကို ချိတ်ဆွဲထားခဲ့ပြီး သူ့အနေနဲ့ လှပတဲ့ ချစ်သူကောင်မလေး တစ်ယောက် လိုချင်မိတယ်လို့လည်း ဆိုထားပါတယ်။ ထို အစီအစဉ်ရိုက်ကူးရေးအတွက်လည်း သူ့ကို မိတ်ကပ် အကူအညီနဲ့ ပြောင်းလဲကြည့်ခဲ့ပေမယ့် သူဟာ ဘယ်လိုမှ အသက်ကြီးတဲ့ ပုံမပေါက်လာပါဘူး။

အဲဒီနောက်လည်း သူဟာ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ ကော်ဖီ သောက်ဖို့ချိန်းကြည့်တဲ့အခါမှာလည်း ထို မိန်းကလေး က သူ့ရဲ့ အသက်ကို မယုံနိုင်ခဲ့ပါဘူး။

www.Korea Boo.com ဆိုတဲ့ ပေါ့ပ် ယဉ်ကျေးမှု ၀က်ဘ်ဆိုက်က ဖော်ပြခဲ့တာတော့ သူဟာ Highlander ရောဂါလို့ခေါ်တဲ့ နှေးကွေးစွာ အသက်ကြီးလာတဲ့ ဝေဒနာ တစ်မျိုးကို ခံစားနေရတာ ဖြစ်ပြီး ဆေးပညာ အသိုင်းအ၀ိုင်းကလည်း ဒီရောဂါ ကို ကုသပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

သူ့ရဲ့ဆယ်ကျော်သက် ဘ၀မှာလည်း သူဟာ အခုလို ကလေး ပုံစံ လေးနဲ့ သာ ဖြစ်နေခဲ့ပြီး သူဟာ ငယ်စဉ်ကတည်းက ကလေးမျက်နှာ ၊ ပါးဖောင်းဖောင်း ၊ အသားအရေ နုနု လေးတွေနဲ့ အတူ တစ်ဖြည်းဖြည်းသာ အသက်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ အချိန်အရတော့ သူ့ရဲ့ အသက်ဟာ ၂၆ နှစ်ရှိနေပေမယ့် ဖွံဖြိုးမှု အရတော့ အသက် ၁၂ နှစ်ခန့် ပုံစံ သာရှိပါသေးတယ်။ ဒါပေမယ့် သူဟာ ကောင်းမွန်တဲ့ ကျန်းမာရေး အခြေအနေမှာ ရှိတယ်ဆိုတာကိုတော့ အခိုင်အမာ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment