Powered by Blogger.

အမျိုးသမီး ၀တ် အောက်ခံဘောင်းဘီ များစွာ ခိုးခဲ့တဲ့ သူခိုးကို ဖမ်းမိ




အမျိုးသားတစ်ယောက်ဟာ အမျိုးသမီး ၀တ် အောက်ခံဘောင်းဘီ တွေကို နှစ်ပေါင်းများစွာ လိုက်လံ ခိုးယူခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပါတယ်။

Guang Kunhan ဆိုသူဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းက Shandong ပြည်နယ် ၊ Lanling စီရင်စု မှာ ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး ၃ နှစ်ခန့် အောက်ခံဘောင်းဘီ ချည်းပဲ ခိုးနေခဲ့တဲ့ အတွက် အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ ရဲအရာရှိတွေက ဆိုကြပါတယ်။

အသက် ၄၄ နှစ်အရွယ် လူပျိုလူလွတ် တစ်ယောက်ဖြစ်သူ Kunhan ဟာ ခန့်မှန်းလို့မရနိုင်တဲ့ ဓါးစာခံ တွေ က သူတို့ရဲ့ အ၀တ်အစားတွေ အခြောက်ခံဖို့ လှန်းထားတဲ့အချိန်တွေမှာ အမျိုးသမီးတွေရဲ့ အောက်ခံဘောင်းဘီ တွေကိုပဲ ရွေးချယ်ခိုးယူခဲ့တာ ဖြစ်တယ်လို့ ရဲ အရာရှိတွေက အခိုင်အမာဆိုကြပါတယ်။

ထို အောက်ခံ ဘောင်းဘီတွေကိုတော့ Kunhan ဟာ သူ့ရဲ့နေအိမ်သို့ ယူဆောင်လာပြီး ထို ဘောင်းဘီတွေကို နမ်းရှုံ့ကာ ညအိပ်တိုင်း ဖက်အိပ်တယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့ကလည်း တစ်ရာ ကျော် တဲ့ အောက်ခံ ဘောင်းဘီ အခိုးခံရကြောင်း တိုင်ကြားထားတဲ့ အမှုတွေ ကြောင့် တရားခံကို လိုက်လံရှာဖွေနေခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ကတော့ တစ်ကယ် အခိုးခံခဲ့ရတဲ့ ဓါးစာခံ အရေအတွက် ဟာ သူတို့ကို တိုင်ကြားထား သူတွေထက် ပိုများနေမှာ သေချာတယ်လို့ ယုံကြည်နေပါတယ်။

လမ်း လုံခြုံရေး ကင်မရာတွေရဲ့ အကူအညီနဲ့ ရဲတပ်ဖွဲ့က Guang တစ်ယောက် အိမ်တစ်အိမ်ရဲ့အပြင်မှာ လှန်းထားတဲ့ အောက်ခံဘောင်းဘီကို ခိုးယူနေတာချိန်မှာ တွေ့ရှိ သတိထားမိခဲ့ပြီး Guang ရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေရာမှာတော့ မြောက်များစွားသော ခိုးယူထားတဲ့ အမျိုးသမီး ၀တ်အောက်ခံ ဘောင်းဘီတွေကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Guang ဟာ သူ့ရဲ့ ပတ်ဝန်းကျင်မှာ မတူညီတဲ့ ဧရိယာတွေကနေ ပုံမှန် မဟုတ်ပဲ ခိုးယူခြင်းဖြင့် သူ့ကို တရားခံမှန်း သတိမထားမိအောင် နေထိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment