Powered by Blogger.

ကျောင်းသူတစ်ဦးနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သူ ပုဂ္ဂိလက ကျောင်းမှ ကျောင်းဆရာ အဖမ်းခံရ


Langley ပုဂ္ဂလိက ကျောင်း


ဗြိတိန်နိုင်ငံ ၊ Norfolk ပြည်နယ်က ကျောင်းဆရာဟောင်းတစ်ဦးဟာ သူကျောင်းဆရာ ပြုလုပ်ခဲ့စဉ်က ကျောင်းသူတစ်ဦးနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု တစ်ခု အတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

Norfolk ပြည်နယ် ၊ Wymondham မြို့မှာနေထိုင်သူ ကျောင်းဆရာ ဟောင်း အသက် ၂၉ နှစ်အရွယ် Robbie Brittain ဆိုသူဟာ အသက် ၁၆ နှစ်အရွယ် ကျောင်းသူတစ်ဦး နဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု တစ်ခုမှာ ပါဝင် ပတ်သက်နေပြီး ရာထူးနဲ့ ယုံကြည်မှုကို အလွဲသုံးစား ပြုလုပ်မှု နဲ့ အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ Norfolk ပြည်နယ် ရဲ တပ်ဖွဲ့က ဆိုပါတယ်။

ထို ပြစ်မှုတွေဟာ Norwich ပြည်နယ် ၊ Langley ပုဂ္ဂလိက ကျောင်းမှာ Robbie Brittain တစ်ယောက် ကျောင်းဆရာ ပြုလုပ်ခဲ့စဉ် ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ကျူးလွန်ခဲ့တာတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်းသူဟာ လာမယ့် သြဂုတ်လ ၂၈ ရက်နေ့မှာမှ Norwich ပြည်နယ် ၊ Magistrates တရားရုံးမှာ အမှုစစ်ဆေးခံရမှာဖြစ်ပါတယ်။

ကျောင်း တာဝန်ရှိသူတွေကတော့ Norfolk ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှု ကို တတ်နိုင်သလောက် ကူညီသွားမှာ ဖြစ်သလို Norfolk ပြည်နယ် ကောင်စီနဲ့လည်း အတူလက်တွဲပြီး လုံခြုံရေးအတွက် လိုအပ်တာတွေလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

"ကျွန်ုပ်တို့ဟာ ကျောင်းသူ ကျောင်းသား တွေနဲ့ ၀န်ထမ်းတွေ အဆင်ပြေ စေဖို့ကို ဆက်လက် အာရုံစိုက်သွားမှာ ဖြစ်တယ်" လို့ ကျောင်းတာဝန်ရှိသူတွေက ဆိုကြပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment