Powered by Blogger.

မိန်းကလေးငယ်များကို အဓမ္မလိင်မှုရယူခဲ့တဲ့ ISIS ဂျီဟတ်များ




ခေါင်းကို အဆက်မပြတ်ထုရိုက်၊ သွေးအလိမ်းလိမ်းပေကျံနေတဲ့ အလောင်းကို ၃ရက်လောက်ကြာ ကားစင်တင် ခံခဲ့ရသူတွေလဲ ခံခဲ့ရပြီးပါပြီ။ ရက်ရက်စက်စက် အသက်ခံရသူတွေရဲ့ လည်ပင်းမှာတော့ ယုံကြည်ကိုးကွယ်ရာ ဘာသာကို စွန့်လွှတ်ပါပြီဆိုတဲ့ ဆိုင်းဘုတ်ကို IS သားသတ်သမားတွေက ချိတ်ဆွဲပေးခဲ့ကြတယ်။ သေဆုံးသွားသူရဲ့ အသက်ကတော့ ၁၇နှစ်သာရှိပါသေးတယ်။

သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိထားတဲ့ ရာဇီဒီဘာသာနဲ့ ခရစ်ယာန်ဘာသာ အမျိုးသမီးတွေဟာလည်း လက်ထိပ်တွေအတွဲလိုက်တပ်ခံရပြီး IS တိုက်ခိုက်ရေးသမားများရဲ့ မိန်းမတွေအဖြစ် ရောင်းစားခံရဖို့အတွက် လိင်ကျွန်ဈေးကွက်ကို အစုလိုက်ပို့ဆောင်ခံခဲ့ရပါတယ်။

ဒီလိုငရဲဆန်ဆန် မြို့တော်ကြီးဟာတော့ de facto IS မြို့တော်ဖြစ်လာရာ ဆီးရီးယားမြို့တော် Raqqa ပဲဖြစ်ပါတယ်။ ဂီတ၊ အက၊ ပျော်ရွှင်မှုတွေ မရှိတော့တဲ့၎င်းမြို့ကြီးမှာ ယောကျာ်း၊ မိန်းမ အတူမနေနိုင်တော့တဲ့ အပြင် မိန်းမလျာတွေဟာလည်း မိစ္ဆာ ဒိဌိအနေနဲ့ အသတ်ခံခဲ့ရပါတယ်။

“တချို့ တိုက်ခိုက်ရေးသမားတွေဟာ စိတ်ကြွဆေးတွေ သုံး၊ တချို့ကျတော့ လိင်မှုကျူးနေကြတယ်။ အမျိုးသမီးတစ်ယောက်တည်းကို အလှည့်နဲ့ မိန်းမလုပ်တာတွေကတော့ လူမဆန်လှပါဘူး။” လို့ Abu Ibrahim အမည်ရှိ ရဲရင့်တဲ့ သဘောထားကွဲလွဲသူ တစ်ဦးက သတင်းထောက် Andrew Malone ကိုပြောပြခဲ့ပါတယ်။
( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment