Powered by Blogger.

အိန္ဒိယမှာ ကားထဲက လက်ကိုင်အိတ်ကို ဆင်က ခိုးယူခဲ့ပါသတဲ့




အိန္ဒိယမှာ ဆင်အမေကြီးတစ်ကောင်ဟာ ကားထဲရှိ Selfie ဓါတ်ပုံရိုက်နေတဲ့ ကမ္ဘာလှည့်ခရီးသည် စုံတွဲနားရောက်လာပြီး လက်ကိုင်အိတ်ကို ဆွဲထုတ်ယူသွားပါသတဲ့။

မျက်မြင်သက်သေတွေ ပြောပြချက်အရ ဆင်မကြီးနဲ့ သူ့ကလေးဆင်ပေါက်ကလေးဟာ Karnataka ရဲ့ လမ်းဘေးတစ်နေရာမှာ ရှိနေကြတာဖြစ်ပြီး Ooty ကိုမောင်းနှင်လာတဲ့ ကမ္ဘာလှည့်ခရီးသည် စုံတွဲဟာ ဆင်တွေနဲ့အတူ Selfie ဓါတ်ပုံရိုက်ဖို့ ကားရပ်ခဲ့တာဖြစ်ပါတယ်။

ဆင်မကြီးဟာ ကင်မရာကထွက်လာတဲ့ အလင်းရောင်ကို ဒေါသထွက်သွားတာဖြစ်ပြီး ၄င်းစုံတွဲရှိရာ ကားနားကို သွာပြီး လက်ကိုင်အိတ်ကို ဆွဲထုတ်ကာ သူ့ပါးစပ်ထဲကို ထည့်ပစ်လိုက်တာဖြစ်ပါတယ်။

ဆင်မကြီးဟာ ဒီအိတ်က စားစရာမဟုတ်မှန်း သိသွားချိန်မှာတော့ အိတ်ကို ထွေးထုတ်ခဲ့ပြီး ကားဟာလည်း မောင်းထွက်သွားခဲ့ပါတယ်။

ဆင်အမေကြီးက ပြီးတဲ့အခါမှာတော့ အိတ်ထဲမှာပါတဲ့ အသီးတွေ၊ ပိုက်ဆံတွေနဲ့ ကြွေးဝယ်ကဒ်တွေကို စားပစ်ခဲ့ပါသတဲ့။

(MTN)

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment