Powered by Blogger.

ယာဉ်မောင်းသင်နေတဲ့ အိမ်စီးကားကို ဗြိတိန် သံချပ်ကာ ကား တက်ကြိတ်




ကားမောင်းသင်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ ကားကို သံချပ်ကာ ကားတစ်စီးက တက် မကြိတ်ခင်မှာ သေသေချာချာစဉ်းစားခဲ့သင့်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ ဓါတ်ပုံကတော့ ဂျာမနီ နိုင်ငံ ၊ Lippe မြို့ကရဲတပ်ဖွဲ့ ဆီကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဓါတ်ပုံမှာတော့ အိမ်စီး ကားအသေးလေး တစ်စီးကို ဗြိတိန် Challenger 2 အမျိုးအစား သံချပ်ကာ ကားက တက်ကြိတ်ထားတာပဲ ဖြစ်ပါတယ်။

ဂျာမနီ နိုင်ငံ Detmold မြို့မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ယောက်ဟာ သံချပ်ကာ ကားရဲ့ ဘီးရာတွေကို သတိမထားမိခဲ့ပဲ Panzeringstrasse လို့ ဆိုင်းဘုတ်တတ်ထားတဲ့ လမ်းထဲကို ချိုးကွေ့လိုက်တာပဲဖြစ်ပါတယ်။ Panzeringstrasse ရဲ့ ဘာသာပြန် အဓိပ္ပာယ်ကတော့ "သံချပ်ကာ ကား မောင်းတဲ့လမ်း" ဖြစ်တယ်လို့ သိရပါတယ်။

ထို သံချပ်ကာ ကားကိုမောင်းနှင်လာတဲ့ အသက် ၂၄ နှစ်အရွယ် ဗြိတိန် လူမျိုးဟာ သူ့ရဲ့ သံချပ်ကာ ကားမောင်းနှင်နေတဲ့ အမြန်နှုန်းကိုတော့ မလျှော့နိုင်ခဲ့ပါဘူး။ ဒါကြောင့်မို့ သူဟာ အိမ်စီးကားလေးကို ၀င်တိုက်မိခဲ့တာ ဖြစ်ပြီး ကားရဲ့ အရှေ့ပိုင်းကို ဖျက်ဆီးလိုက်နိုင်တာပဲ ဖြစ်ပါတယ်။

ထို ယာဉ်မောင်းသင်နေတဲ့ အမျိုးသမီးငယ်ကတော့ ကံ ကောင်းထောက်မစွာ နဲ့ ဘာဒဏ်ရာ မှ မရရှိခဲ့ပေမယ့်လည်း ကံမကောင်းချင်တော့ သူမ ရဲ့ ကားဟာ သံချပ်ကာ ကားတက်ကြိတ်တဲ့အတွက် စတာလင်ပေါင် ၉၀၀၀ တန်ဖိုး လောက် ပြုပြင်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment