Powered by Blogger.

ကိုယ်ပိုင် ပါရာဒိုက်စ် တစ်ခုကို တည်ဆောက်ခဲ့သူ တစ်ဦး




ပါရာဒိုက်စ် တစ်ခုလို့ ထင်ရပြီး ဆန်းကြယ်တဲ့ အသွင်အပြင် နဲ့ သစ်ပင်အိမ်လေးဟာ တစ်ကယ့် လူနေအိမ်လေးပဲ ဖြစ်ပါတယ်။

ထို သစ်ပင်အိမ်လေးရဲ့ ပိုင်ရှင်ကတော့ ဓါတ်ပုံဆရာနဲ့ Blogger တစ်ယောက်ဖြစ်တဲ့ Foster Huntington ပဲ ဖြစ်ပါတယ်။ Foster ရဲ့ အတွေးကတော့ အံ့မခန်းပါပဲ။

ထို သစ်ပင်အိမ်လေးမှာ ကိုယ်ပိုင် စကိတ်ကွင်း တစ်ခုလည်း ပါရှိပြီး ထင်းနဲ့ အပူပေးရတဲ့ ရေနွေးကန် တစ်ခုလည်း ပါ ပါတယ်။ Restless Transplant ဆိုတဲ့ Foster ရဲ့ ကိုယ်ပိုင် Blog မှာ Foster ရေးသား ဖော်ပြထားတာကတော့ သူဟာ လွန်ခဲ့တဲ့ ၄ နှစ်က နယူးယော့ခ်မှာ ရှိတဲ့ အလုပ်ကထွက်ပြီး အမေရိကန် ပြည်ထောင်စု ရဲ့ အနောက်ဘက် ကမ်းရိုးတန်း တစ်လျှောက် မိုင်ပေါင်း ၁၀၀၀၀၀ ခန့် ခရီးထွက်နေခဲ့ပြီး လှိုင်းစီးခြင်း ၊ ကမ့်ပ် ထိုး နေထိုင်ခြင်းတွေနဲ့ ပဲ အချိန် ကုန်ဆုံးစေခဲ့တာဖြစ်ပါတယ်။

ဝါရှင်တန် မြို့တော် အစွန်အဖျား က Columbia Rover Goerge ဆိုတဲ့ တောင်ကြားဒေသ မှာရှိတဲ့ သူ့ရဲ့ အဖေ ပိုင်ဆိုင်ခဲ့တဲ့ မြေ ပေါ်မှာ Foster က ထို သစ်ပင်အိမ် ကိုတည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ မနှစ်ကပဲ သူ့ရဲ့ သူငယ်ချင်းတွေရဲ့ အကူအညီ ကို ရယူပြီး ထို သစ်ပင်အိမ် ကို ဒီဇိုင်း တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ ထို သစ်ပင်အိမ်ဟာ စတာလင်ပေါင် ၁၁၀၀၀၀ ခန့် တန်ဖိုးရှိမယ်လို့ ခန့်မှန်းရပါတယ်။

Foster နဲ့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Tucker Gorman တို့ဟာ ပထမဆုံး သစ်ပင်အိမ် ၂ လုံး နဲ့ စကိတ်ကွင်း တည်ဆောက်ဖို့ကို စတင် အကြံရခဲ့တာဖြစ်ပြီး လပေါင်းများစွာ စီမံကိန်းဆွဲကာ  ပြီးခဲ့တဲ့နှစ် ဇွန်လမှာ စကိတ်ကွင်း အတွက် မြေတွေ စတင် တူးဖော်ခဲ့တာ ပဲ ဖြစ်ပါတယ်။

ထို သစ်ပင်အိမ် ၂ လုံးဟာ ၁ လုံး ကို စတုရန်းပေ ၂၀၀ ပတ်လည် ကျယ်ဝန်းပြီး တံတားထိုး ဆက်သွယ်ထားပါတယ်။ အဲဒီနောက်မှာမှ Wi-Fi စနစ်နဲ့ ရေနွေးကန်တို့ကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ထို ပါရာဒိုက်စ် အငယ်စားလေး တည်ဆောက်ခဲ့ပုံတွေကိုတော့ Foster က စာအုပ်ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment