Powered by Blogger.

ကျောင်းသားတွေကို နေ့လည်စာ ၀ယ်ကျွေးတဲ့ ဆရာမ အလုပ်ထုတ်ခံရ




အမျိုးသမီးတစ်ယောက်ဟာ ဗိုက်ဆာနေပြီး အစားအသောက် စရိတ် မတတ်နိုင်တဲ့ ကျောင်းသားတွေကို အစားအသောက်တွေ ကျွေးမွေးခဲ့တဲ့အတွက် သူမ အလုပ်လုပ်နေတဲ့ ကျောင်းကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။

ဒါပေမယ့်လည်း Della Curry ဆိုသူ ထို အမျိုးသမီး ကတော့ အကယ်၍ အဲဒီလို ဗိုက်ဆာနေတဲ့ ကလေးတွေကို တွေ့ရင် သူမ အခုလို ထပ်လုပ်ဦးမှာပဲ လို့ ဆိုလိုက်ပါတယ်။

ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်တဲ့ ထို အမျိုးသမီးဟာ Aurora မြို့မှာ ရှိတဲ့ Dakota တောင်ကြား Elementary ကျောင်းမှာ အသက် ၅ နှစ်ကနေ ၁၂ နှစ်ကြား အသက်အရွယ် ရှိတဲ့ ကလေးတွေကို စာသင်ကြားပေးရပြီး မီးဖိုချောင် မန်နေဂျာ အဖြစ်လည်း တာဝန်ယူထားရပါတယ်။

သူမဟာ ဗိုက်ဆာနေတဲ့ ကလေးတွေ ကို သူမ ပိုက်ဆံ နဲ့ သူမ ပေးဆောင်ပြီး ကျွေးမွေးခဲ့ပေမယ့်လည်း ကော်လိုရာဒို ပြည်နယ် ကတော့ ဒါဟာ ဥပဒေ ကို ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။

"ကျွန်မရှေ့မှာ ဗိုက်ဆာနေတဲ့ ပထမဆုံး grader(အသက်၅နှစ်-၆နှစ်) တစ်ယောက်ရှိနေပါတယ်။ အဲဒီကလေးကိ နေ့လည်စာဝယ်စားဖို့ ပိုက်ဆံ မရှိတဲ့အတွက် ငိုနေပါတယ်။ဒါကြောင့် ကျွန်မသူ့ကို နေ့လည်စာ ၀ယ်ကျွေးခဲ့ပါတယ်" လို့ Della က KCNC-TV ကို ပြောပြခဲ့ပါတယ်။

သူမဟာ တစ်နှစ်မှာ ကျောင်းသား အယောက် ၂၀ လောက်ကို နေ့လည်စာ ၀ယ်ကျွေးခဲ့ပါတယ်တဲ့။

Cherry Creek ဆိုတဲ့ ကျောင်းများဆိုင်ရာ ၀က်ဘ်ဆိုက်ကနေဖော်ပြခဲ့တာကတော့ ကလေးတွေအတွက် နေ့လည်စာနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိနေပါတယ်တဲ့။ ပထမဆုံး ၃ ကြိမ်မှာတော့ နေ့လည်စာ စားဖို့ ပိုက်ဆံ မပါတဲ့ ကျောင်းသားဟာ နေ့လည်စာ စားသုံးခွင့်ရှိပြီး ကျသင့်ငွေကို မိဘတွေရဲ့ အကောင့်ထဲက အကြွေးစနစ်နဲ့ ပြန်လည်ပေးဆောင်ရမှာဖြစ်ပါတယ်။

စတုထ္ထ အကြိမ်ဖြစ်လာခဲ့ရင်တော့ ထို ကျောင်းသားဟာ Sandwich အခမဲ့ စားသုံးခွင့်ရှိနေပါသေးတယ်။Della ကတော့ သူမရဲ့ ဆန္ဒအတိုင်းလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေကိုသာ ပြောင်းလဲလိုက်သင့်တယ်လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment