Powered by Blogger.

ကမ္ဘာ့ အံ့ဖွယ် ခရစ်တော်ရုပ်ထုကြီး ( Cristo Redentor Statue )

General Knowledge for Weekends




Cristo Redentor ခရစ်တော် ရုပ်ထုကြီးဟာ ကမ္ဘာ့အလှဆုံးစာရင်းဝင် မြို့တစ်မြို့ ဖြစ်တဲ့ ဘရာဇီးနိုင်ငံ ရဲ့  ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ “ ရီယိုဒီဂျာနီရို ” (Rio De Janeiro ) မြို့မှာတည်ရှိပါတယ်။ ထိုမြို့ဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့အိုလံပစ်ကျင်းပမယ့် မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာ့အလှဆုံး ပင်လယ်ကမ်းခြေမြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ခရစ်တော်ရဲ့ ရပ်တော်မူ ရုပ်ထုကြီးဟာ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်နေ့ က ပေါ်တူဂီ နိုင်ငံ၊ လစ်စဘွန်းမြို့မှာ ကြေညာခဲ့တဲ့ ခေတ်သစ် ကမ္ဘာ့ အံ့ဖွယ် ခုနစ်သွယ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး  ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရစ်ယာန်ဘာသာဝင်တို့ လာရောက်လည်ပတ် ၀တ်ပြုရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Cristo Redentor ( The Christ Redeemer )လို့ခေါ်တဲ့ ခရစ်တော်ရုပ်ထုကြီးရဲ့ အမြင့်မှာ အောက်ခံခုံအပါအ၀င် ၁၂၄ ပေ ( ၃၈မီတာ) ရှည်လျားကာ အလေးချိန်အနေနဲ့ ၆၃၅ မက်ထရစ်တန်လေးပြီး Corcovado တောင်ကုန်းတွင်တည်ရှိပါတယ်။ ဆန့်တန်းထားသော လက်အရှည်မှာမူ ၉၂ပေ (၂၈ မီတာ) ရှည်လျားပါတယ်။

ထို ရုပ်ထုကြီးကို ဘရာဇီး အင်ဂျင်နီယာ Heitor da Silva Costa က ဒီဇိုင်းရေးဆွဲ၍ ပြင်သစ်ပန်းပုဆရာ Paul Landowski တို့မှ (၅)နှစ်ကြာတည်ဆောက်ခဲ့ပြီး ၁၉၃၁ခုနှစ် အောက်တိုဘာလ ၁၂ရက်တွင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

( NSD )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Wiki
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment