Powered by Blogger.

ၾသစေၾတးလ် က ပန်းရောင်ရေကန် Lake Hillier အကြောင်းသိကောင်းစရာများ

General Knowledge for Weekends




Lake Hillier ဆိုတဲ့ ရေကန်ငယ် တစ်ခုဟာ သြစတြေးလျနိုင်ငံ အနောက်ပိုင်း ရဲ့ တောင်ဘက်ကမ်းခြေမှာရှိတဲ့ အကြီးဆုံး ကျွန်းစွယ် Middle Island ရဲ့ အစွန်အဖျားမှာ တည်ရှိပါတယ်။ Lake Hillier ဟာ သူ့ရဲ့ ပန်းရောင် လွှမ်းနေတဲ့ ရေပြင်ကြောင့်လူသိများခဲ့ပြီး ထို ကန်ငယ်နဲ့ တောင် သမုဒ္ဒရာကို ကမ်းခြေတစ်ခုသာ ခြားနားထားတာကိုတွေ့ရပါတယ်။

Lake Hillier ရဲ့ အရှည်ဟာ ၆၀၀ မီတာ ရှိပြီး အကျယ်မှာ ၂၅၀ မီတာ ရှိပါတယ်။ Lake Hillier ရဲ့ ပတ်ပတ်လည်ကို သဲမြေ အနည်းငယ်နဲ့ ၀န်းရံထားပြီး ထင်ရှုးပင်နဲ့ ယူကလစ် ပင်အမြောက်အများလည်း Lake Hillier အနီးမှာ ပေါက်ရောက်နေပါတယ်။

ထိုကန်ငယ်ထဲမှာတော့ Dunaliella Salina လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ တည်ရှိနေပြီး ထို ဘက်တီးရီးယားတွေက ကန်ထဲမှာ ရှိတဲ့ ဆားပါဝင်မှုတွေကို အနီရောင်ဆိုးလိုက်ပြီး အရောင်ပြောင်းစေခဲ့ပါတယ်။ အနီးကပ်ကြည့်မယ်ဆို အနီရောင်ဖြစ်နေပေမယ့် အပေါ်စီးက ရဟတ်ယာဉ် ၊ လေယာဉ်တို့နဲ့ ကြည့်မယ်ဆိုရင် ပန်းရောင် လွှမ်းနေတာကို တွေ့ရမှာပါ။

Lake Hillier ဟာ ဆားပါဝင်မှု များနေတာကလွဲပြီး ရေကူးဖို့အတွက် တော့ စိတ်ချရပါတယ်။ Lake Hillier ကိုသွားဖို့ နည်းလမ်း ကတော့ ရဟတ်ယာဉ် နဲ့ မဟုတ်ရင် လှေနဲ့ပဲ သွားလို့ရနိုင်ပါတယ်။ ထိုရေကန် နဲ့ ပတ်သက်ပြီး အစောဆုံး ရှာဖွေတွေ့ရှိမှု မှတ်တမ်းတွေအရတော့ ၁၈၀၂ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ Matthew Flinders ဆိုသူက ရှာဖွေတွေ့ရှိခဲ့ပြီး ထို ကန်ရဲ့ အခြေအနေတွေအကြောင်းကို လေ့လာ စာတမ်းပြုစု ခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ Lake Hillier ဟာ Recherche Archipelago Nature Reserve အဖွဲ့ရဲ့ ထိန်းသိမ်းမှု နယ်မြေထဲပါဝင်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Wiki
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment