Powered by Blogger.

အသက် ၉၂ နှစ်အရွယ် အမျိုးသမီးကြီး၏ ၀မ်းဗိုက်အတွင်း ဆယ်စုနှစ်များစွာ တည်ရှိနေခဲ့တဲ့ သန္ဓေသားငယ်




ချီလီနိုင်ငံမှာ အသက် ၉၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ချော်လဲရာမှ ဆေးရုံတင်စဉ် နှစ်ပေါင်း ၇၀ကျော် သူ့ဝမ်းဗိုက်အတွင်း ရှိနေခဲ့သော ထုံးကျောက်ဖြစ်ရုပ်ကြွင်း သန္ဓေသားအား တွေ့ရှိခဲ့ရပါသတဲ့။

ချော်လဲခဲ့သောကြောင့် Estela Melendez ကို San Antonio ရှိ Claudio Vicuna ဆေးရုံသို့ခေါ်ဆောင်သွားပြီး ဆရာဝန်များက X-ray ရိုက်စစ်ဆေးစဉ် ၄.၄ပေါင်ရှိ ထုံးကျောက်ဖြစ်ရုပ်ကြွင်း သန္ဓေသားအား သားအိမ်ရဲ့အပြင်ဘက်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို Lithopedion လို့ခေါ်ပါသတဲ့။

ဆရာဝန်တွေ အဆိုအရ သန္ဓေသားဟာ ကိုယ်ဝန်ဆောင်ပြီး ၇လခန့်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ယူဆကြောင်း သိရပါတယ်။

ဆေးရုံအုပ် Marco Vargas Lazo က ဒီဖွံ့ဖြိုးပြီး သန္ဓေသားငယ်ဟာ အမျိုးသမီးရဲ့ ၀မ်းဗိုက်ထဲမှာ နေရာကျယ်ကျယ်ယူပြီး တည်ရှိနေခဲ့တာပါလို့ ဆိုပါတယ်။

Melendez ကို ချော်လဲခဲ့တဲ့ ဒဏ်ရာများကို ကုသပေးပြီးနောက် အိမ်ပြန်ပို့ပေးခဲ့ပါတယ်။ ဆရာဝန်တွေကတော့ ဒီလို အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အမျိုးသမီးကြီးရဲ့ ဗိုက်ထဲက သန္ဓေသားငယ်ရုပ်ကြွင်းကို ခွဲထုတ်ပေးဖို့ အန္တရာယ်များတဲ့အတွက် ဖယ်ရှားပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

Melendez ရဲ့ ပြောပြချက်အရ သူအသက် ၁၇ နှစ်မှာ ကိုယ်ဝန်ရှိခဲ့ပေမယ့် ပျက်ကျသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သန္ဓေသားဟာ သူ့ရဲ့ခန္ဓကိုယ်ထဲမှာ နှစ်ပေါင်း ၇၅နှစ်အထိ ရှိနေခဲ့တာဖြစ်ပါတယ်။

( MTN )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment