Powered by Blogger.

မြို့လယ်ခေါင်က LED Screen ကြီးမှာ အပြာကားတွေ ၁၀ မိနစ် ကျော် ပြသခဲ့




တရုတ်နိုင်ငံ မြို့တစ်မြို့မှာ ရှိတဲ့ လမ်းသွားလမ်းလာပြည်သူတွေဟာ မြို့လယ်ခေါင်မှာ ရှိတဲ့ ဧရာမ LED Screen ကြီးမှာ အပြာကား တွေ ရုတ်တရတ်ကြီး ၁၀ မိနစ် ကျော်လောက် ပြသ ခဲ့တဲ့အတွက် ရှော့ခ် ဖြစ်ခဲ့ရပါတယ်။

တရုတ်နိုင်ငံ ၊ Mudanjiang မြို့ရဲ့ လူသွားလူလာ အများဆုံး လမ်း တစ်ခု ရဲ့ ဘေးမှာ တည်ရှိတဲ့ ကြော်ငြာ LED ဆိုင်းဘုတ်မှာ ညစ်ညမ်းရုပ်ရှင် ကြီး ရုတ်တရတ် ပြသလာတဲ့အတွက် ဖြတ်သွား ဖြတ်လာတွေရဲ့ အာရုံစိုက်မှုဟာ LED မျက်နှာပြင်ကို ပဲ ကြည့်နေကြသလို မော်တော်ယာဉ်တွေကလည်း ရုပ်ရှင်ထဲက အသံတွေအတိုင်း ဟွန်းတွေ လိုက်တီးကြပြီး လမ်းလျှောက်နေသူအချို့ကလည်း ဖုန်းတွေထုတ်၍ မှတ်တမ်းတင်ကာ ဆူညံပွက်လော ရိုက်သွားခဲ့ပါတယ်။

"အဲဒီအချိန်မှာ အသက်ကြီးတဲ့သူတွေရော ၊ အသက်မပြည့်သေးတဲ့ ကလေးတွေရော အားလုံး ရှိနေပါတယ်။ အားလုံး ဒါကို မြင်ပါတယ်။ ပြီးတော့ LED မျက်နှာပြင်က ဆေးရုံ တစ်ခုဘက်ကို မျက်နှာမူထားတဲ့အတွက် ဆေးရုံမှာ ရှိတဲ့ လူနာ အားလုံး ဒါကို မြင်သွားကြပါတယ်" လို့ မျက်မြင်သက်သေ အမျိုးသား တစ်ဦးက ဆိုပါတယ်။

ဆယ်မိနစ် ခန့်ကြာတဲ့အခါမှာတော့ ဖြတ်သွားဖြတ်လာ ပြည်သူတွေလည်း မနေနိုင်တော့ပဲ ရဲ တပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားဖို့ ဆုံးဖြတ် လိုက်ပြီးတဲ့နောက် မကြာခင်မှာပဲ ထို LED မျက်နှာပြင် ပိတ်သွားပါတော့တယ်။

၂ ရက်ခန့်အကြာမှာတော့ ရဲတပ်ဖွဲ့က ထို LED ဆိုင်းဘုတ် ကြော်ငြာလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္မဏီ ကို သိရှိသွားပြီး ဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

လက်ရှိ စုံစမ်း သိရှိရမှုအရ ထို LED ဆိုင်းဘုတ် ကြော်ငြာ ကုမ္မဏီ မှ အမျိုးသား ၀န်ထမ်းတစ်ယောက်ဟာ အလုပ်ခွင်မှာ အပြာကားတွေ ကြည့်ရှုနေရာကနေ မှားယွင်းပြီး LED မျက်နှာပြင်ကို ပြသ စေခဲ့မိတာဖြစ်ပြီး ပြန်လည် ထိန်းချုပ်ဖို့ကို မလုပ်တတ် ပဲ ဖြစ်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထို အမျိုးသား ၀န်ထမ်းကတော့ အာဏာ ပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံထားရပါတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဟာ ၁၉၄၉ ခုနှစ် ကတည်းက ညစ်ညမ်းရုပ်ရှင်တွေကို တားမြစ်ပိတ်ပင်ခဲ့တာဖြစ်ပြီး ထုတ်လုပ်သူ ၊ ဖြန့်ချီသူ ၊ ၀ယ်ယူသူ အားလုံးကို ဒဏ်ငွေဖြစ်စေ ၊ သတိပေးခြင်းဖြစ်စေ ၊ အချို့ကြီးမားတဲ့ ပြစ်မှုများတွင် ထောင်ဒဏ် ဖြစ်စေ အပြစ်ပေးလေ့ရှိပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment