Powered by Blogger.

ခွဲစိတ်ခန်းထဲမှာ ဆရာဝန်တွေနောက်ပြောင်ပြောဆိုသမျှအသံဖမ်းထားခဲ့သူ


ခွဲစိတ်ဆရာဝန် Tiffany M Ingham


အမေရိကန် ပြည်ထောင်စု ၊ ဗာဂျီးနီးယား ပြည်နယ် ၊ Reston မြို့မှာရှိတဲ့ ခွဲစိတ်ခန်းဝင် လူနာတစ်ယောက်ဟာ သူ့ကို ခွဲစိတ်ဆရာဝန် အဖွဲ့က နောက်ပြောင် စော်ကားနေတဲ့အတွက် သူ အိပ်ပျော်နေတဲ့ တစ်ချိန်လုံး သူ့ရဲ့ မိုဘိုင်းလ်ဖုန်းနဲ့ အသံ ဖမ်းယူထားခဲ့ပါတယ်။

မေ့ဆေး ပညာရှင် ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်တဲ့ Tiffany M Ingham ကတော့ သူမအနေနဲ့ အသံဖမ်းထားတာကို မသိခဲ့ရပဲ အရူးလုပ်ခံခဲ့ရတယ်လို့ဝါရှင်တန် ပို့စ် သတင်းစာ ကို ပြောပြခဲ့ပါတယ်။

ထို ခွဲစိတ်နေချိန်အတွင်းမှာပဲ Ingham က "မင်းကို၅မိနစ်လောက်စကားပြောပြီးတဲ့အခါ မင်းရဲ့ မျက်နှာကို ငါထိုးချင်တယ်။" လို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်တဲ့။

သူတို့ က ဒီ လောက်နဲ့ မပြီးသွားပါဘူး။

အခြား ခွဲစိတ် အကူ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ အမျိုးသမီးကလည်း ထို ခွဲစိတ်လူနာ အမျိုးသားမှာ အဖု တစ်ခု ရှိတဲ့အတွက် Ingham က ထို အကူဆရာဝန်ကို သွားမထိ ဖို့ မှာ ကြားထားပေမယ့်လည်း သူမက "မင်းရဲ့လက်မှာ Syphilis ရောဂါရှိနေတယ်လား။ ဒါဆိုသေချာပြီ မင်းရဲ့ လိင်အင်္ဂါမှာ တီဘီရောဂါ ဖြစ်နေတာဖြစ်မယ်" လို့ စနောက် ပြောဆိုခဲ့ပါသေးတယ်။

အခြား ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Soloman Shah ဆိုသူကလည်း သူ့ရဲ့ လူနာကို အခြားဆရာဝန်တွေနဲ့အတူ "သူ့ကိုနေ့လည်စားအဖြစ်စားလိုက်ရအောင်" စသဖြင့်နောက်ပြောင်တဲ့အထဲမှာလည်း ပါဝင်ခဲ့တယ်လို့ ထို လူနာက ထုတ်ဖော်ပြောပြခဲ့ပါတယ်။

ထို ဖြစ်ရပ်အတွက် လူနာ က တရားစွဲဆိုခဲ့ရာမှာ Igham နဲ့ အဖွဲ့ဟာ ဒဏ်ငွေ အဖြစ် စတာလင်ပေါင် ၃၁၈,၀၀၀ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment