Powered by Blogger.

အ၀တ်ဗလာ နဲ့ ပီဇာ စားရင်း မူးပြီး ကားမောင်းခဲ့တဲ့ အမျိုးသမီး




အမျိုးသမီး တစ်ယောက်ဟာ ကားပေါ်မှာ အ၀တ်ဗလာ နဲ့ ပီဇာစားနေတာကို တွေ့ခဲ့ရပြီးတဲ့နောက် အရက်မူးပြီး ကားမောင်းတယ်လို့ သံသယ ရှိခံရကာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပါတယ်။

ရဲတွေဟာ အမေရိကန် ပြည်ထောင်စု ၊ ကလိဗ်လန်း မြို့မှာ ရှိတဲ့ ကားပါကင်တစ်နေရာမှာ အ၀တ်မပါတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ရှိခဲ့တယ်ဆိုပြီး မျက်မြင်သက်သေတွေက ဖုန်းဆက်တိုင်ကြားခဲ့တဲ့အတွက် ထိုနေရာကို သွားရောက်ခဲ့ပါတယ်။

ရဲ အရာရှိတွေ ထိုနေရာကို ရောက်ရှိသွားချိန်မှာတော့ ထို အမျိုးသမီးဟာ မြက်ခင်းပြင် ပေါ်မှာ ကားကိုမောင်းနှင်နေတာ ကို တွေ့ခဲ့ရပါတယ်။

ကားအနားကို ချဉ်းကပ် စစ်ဆေးကြည့်တဲ့အခါမှာတော့ အသက် ၃၃ နှစ်အရွယ် အ၀တ်မပါတဲ့ Kenneth Gillespie ဆိုသူ အမျိုးသားတစ်ယောက်ကို တွေ့ခဲ့ရပြီး သူ့ရဲ့ ခြေထောက်တွေကြားမှာလည်း ဘီယာ ဘူး တစ်ဘူး ကို ညှပ်ထားခဲ့ပါသေးတယ်။

အသက် ၂၄ နှစ်အရွယ် Alexandria Mauer ဆိုသူ အမျိုးသမီး ကတော့ ကားမောင်းသူဖြစ်ပြီး သူမဟာလည်း အ၀တ်ဗလာ နဲ့ ပီဇာတွေ စားနေခဲ့တယ်လို့ ရဲအရာရှိတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Mauer ကိုတော့ အ၀တ်များဝတ်ဆင်စေကာ အရက်မူးပြီး ကားမောင်းတဲ့ ပြစ်မှု ၊ အနံ့စစ်ဆေးခြင်းကို ငြင်းဆိုတဲ့ပြစ်မှုတွေကြောင့် ခေတ္တ ဖမ်းဆီးပြီး မိဘ တွေလက်ထဲ ပြန်အပ်ခဲ့ပါတယ်။

Gillespie ကတော့ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၊ ရဲကားထဲမှာ သေးပေါက်မှု ၊ ပြည်သူပိုင်နေရာမှာ ဖွင့်ဖောက်ပြီးသား ယမကာ ကို ကိုင်ဆောင်ထားမှု စတာတွေနဲ့ ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူ့ကို အ၀တ်ပြန်လည် ၀တ်ဆင်ပေးရာမှာတော့ အောက်ခံဘောင်းဘီ နဲ့ အကျီင်္သာ ကန်ရှိတော့တဲ့အတွက် ထောင်သား တွေဝတ်ဆင်တဲ့ ထောင်သား ဘောင်းဘီ နဲ့ ထောင်သား ဖိနပ်တို့ကို ၀တ်ဆင်စေကာ အိမ်ပြန်ပို့ခဲ့ရတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment