Powered by Blogger.

ကျောင်းတက်ရင်း စာအိတ် လုပ်ရောင်းရမှ တစ်နှစ် ပေါင် ၁၁သန်း ဝင်ငွေရှိလာသော အမျိုးသမီး




အင်္ဂလန် နိုင်ငံ ၊ ဒါဟမ်မြို့မှ Sara Davies ဆိုသူ အသက် ၃၁ နှစ်ရှိ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဈေးကွက်လိုအပ်ချက်တစ်ခုကို သတိထားခဲ့မိရာမှ ယခုအခါတစ်နှစ်ကို ဝင်ငွေ ၁၁.၁သန်း ရှိတဲ့ လုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူမ York University မှာ ကျောင်းတက်ရင်း လက်မှုလုပ်ငန်း ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ရင်း ဖောက်သည်တွေရဲ့ လိုအပ်ချက်တစ်ခုကို သတိထားမိခဲ့ပါတယ်။

Handmade Card တွေကိုထည့်ဖို့ စာအိတ်တွေ ရှာမရတဲ့ ဖောက်သည်တွေ စိတ်ရှုပ်နေတာကို တွေ့ပြီး သူမရဲ့ တီထွင်ဖန်တီးဥာဏ်နဲ့ စာအိတ်အရွယ်စုံကို စက္ကူအမျိုးမျိုးနဲ့ ပြုလုပ်ရောင်းချခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ ဈေးဝယ်ချန်နယ်တစ်ခုကို သူမရဲ့ idea ကို ရောင်းချလိုက်ရာမှာ သူမရဲ့ လုပ်ငန်းက ပို အောင်မြင်လာခဲ့ပါတယ်။

တီဗီချန်နယ်မှာ ထုတ်လွှင့်လိုက်တဲ့အခါ စာအိတ် ၈ဝဝဝ  ကျော် ရောင်းချခဲ့ရပါတယ်။ "ရိုးရှင်းတဲ့ စိတ်ကူးတွေဟာ အကောင်းဆုံး ဖြစ်တတ်ပါတယ်။" လို့ Sara က ဆိုပါတယ်။

Sara ဟာ ကျောင်းတက်နေစဉ် ငွေအခက်အခဲ ဖြစ်နေချိန်က သူမ အိပ်ခန်းလေး အတွင်းမှ စတင်ခဲ့တဲ့ စီးပွားရေးဟာ အခုဆိုရင် ဝန်ထမ်း (၆၀) ခန့်ထားပြီး Florida မှာ ရုံးခန်းတစ်ခန်း ဖွင့်ထားနိုင်သည်အထိ အောင်မြင်နေပြီ ဖြစ်ပါတယ်။

( TMW )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment