Powered by Blogger.

အောင်မြင်ကျော်ကြားသူတို့၏ နောက်ဆုံး ပုံရိပ်များ (၁)


သေခြင်းတရားကို လူတိုင်း လက်ခံထားသော်ငြား တကယ် ကြုံတွေ့တဲ့ အခိုက်အတန့်မှာတော့ ဝမ်းနည်း စိတ်ထိခိုက်ရတာချည်းပါပဲ။ ကြွေလွင့်ခဲ့တဲ့ ကြယ်ပွင့်တွေရဲ့ နောက်ဆုံးပုံရိပ်တွေကို စုစည်း ဖော်ပြလိုက်ပါတယ်။


John Lennon

၁။ John Lennon

The Beatles တီးဝိုင်းက အဆိုတော် ဂျွန်လင်နွန် လုပ်ကြံမခံရမီ ပုံပါ။ သူ့ကို လုပ်ကြံခဲ့သူကတော့ ဓာတ်ပုံရဲ့ ညာဘက်ထောင့်က လူပါ။


Chris Benoit

၂။ Chris Benoit

နပန်းသမား Chris Benoit ရဲ့ပုံကို သူ့ရဲ့ စိတ်ရောဂါ ဆရာဝန်က ရိုက်ပေးထားတဲ့ပုံပါ။ ဒီပုံရိုက်တဲ့ နေ့မှာပဲ Chris က သူ့မိန်းမကို သတ်ခဲ့ပါတယ်။ နောက် ရက်အနည်းငယ် အကြာမှာတော့ သူ့ သားဖြစ်သူကို သတ်ပြီး သူ့ကိုယ်သူပါ သတ်သေခဲ့ပါတယ်။


Tupac Shakur

၃။ Tupac Shakur

ရက်ပ် အဆိုတော် Tupac သေနတ်ဖြင့် ပစ်သတ်မခံရမီ ည က ပုံ။

Adolf Hitler


၎။ Adolf Hitler

ဟစ်တလာ မကွယ်လွန်မီ ၂ရက်အလိုက ဘာလင် ဗုံးခိုကျင်း ရှေ့တွင် ဗုံးတစ်လုံးအသုံးပြုပြီး ပျက်စီးသေဆုံးမှု မည်မျှရှိသည်ကို စစ်တမ်းကောက်နေစဉ် ရိုက်ထားသော ပုံ ဖြစ်ပါသည်။


Freddy Mercury

၅။ Freddy Mercury

Freddy Mercury AIDS ရောဂါကြောင့်ရသော bronchial pneumonia ရောဂါဖြင့် မကွယ်လွန်မီ နောက်ဆုံးရိုက်ကူးထားသော ဓာတ်ပုံ

( TMW )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : ravebinr

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment