Powered by Blogger.

အိမ်တွင် wi-fi အသုံးပြုခြင်းနှင့်ပတ်သတ်၍ မိခင်နဲ့ စကားများပြီး ဆွဲကြိုးချ သေခဲ့သော ၁၄ နှစ်သားလေး




မော်ဒယ်ကျောင်းသားလေး William Musgrove ဟာ ဖေဖော်ဝါရီ ၁၆ရက်နေ့က သူ့အိမ်နဲ့ တစ်မိုင်ခန့်ဝေးတဲ့ Peak ခရိုင် Ashover ရွာအနီးမှာ ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ William ရဲ့အလောင်းကို ရှာမတွေ့ခင်ညက အိမ်က wifi အသုံးပြုမှုနဲ့ ပတ်သတ်ပြီး အမေဖြစ်သူနဲ့ စကားများခဲ့ပြီး နောက်နေ့မှာ အခုလို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးသူ Dr.Robert Hunter က William ဟာ မသေဆုံးခင် လပိုင်းအတွင်းမှာ ကြောက်မက်ဖွယ်စာသားများပါသော hip-hop သီချင်းတွေကို နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။

"သူ့မှာ စိတ်ကျရောဂါလိုမျိုး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုတဲ့ အတွေးမျိုး အရင်က မရှိခဲ့ပါဘူး။ ဒီ rap သီချင်းတွေကို နားထောင်ပြီးနောက်မှာ သူ့ အမြင်တွေ ပြောင်းလဲသွားတယ်လို့ ထင်ပါတယ်။" လို့ Dr.Robert က ပြောပါတယ်။

William ဟာ ဖေဖော်ဝါရီ ၁၅ ရက်က မိခင်ဖြစ်သူက wifi မသုံးဖို့ တားဆီးရာတွင် မိခင်ကို အော်ဟစ်ပြီး တွန်းထုတ်လိုက်တယ်လို့ သိရပါတယ်။

( TMW )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment