Powered by Blogger.

သရဲရှာဖွေသူတွေ မစ်စစ်စပီဆေးရုံဟောင်းမှာ အမျိုးသမီးရုပ်အလောင်း တစ်ခုကို ရှာဖွေတွေ့ရှိ




သရဲရှာဖွေသူတွေဟာ တနင်္ဂနွေနေ့က သရဲအခြောက်ဆုံးနေရာအဖြစ်နာမည်ကြီးတဲ့ Kuhn Memorial State ဆေးရုံကြီးမှာ အမျိုးသမီးကြီးတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိပြီးနောက် ရဲတွေက သံသယရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အသက် ၆၉နှစ်အရွယ် Sharon Wilson ရဲ့ရုပ်အလောင်းကို ဆေးရုံဟောင်းကြီးရဲ့ အပြင်ဘက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရဲတွေရဲ့ပြောပြချက်အရ သွေးစီးချောင်းတွေကို ကြည့်ခြင်းအားဖြင့် သူဟာအဆောက်အဦးဟောင်ထဲမှာ ရှိနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

Mississippi Paranormal Research Institute တည်ထောင်သူ David Childers ကလည်း သူရဲ့ရုပ်အလောင်းဟာ အဆောက်အဦထဲမှာ သေချာကြောင်း ထောက်ခံခဲ့ပါတယ်။

“ ဒုတိယထပ်ကနေ ဆေးရုံရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ မြက်ထူတဲ့နေရာကို တစ်ယောက်ယောက်ကို ဆွဲချလာတာလို့ပြောနိုင်ပါတယ်။ လှေကားထစ်တွေပေါ်မှာ သွေးတွေစွန်းနေတဲ့အတွက် သူ့ကို တစ်လမ်းလုံး တရွတ်တိုက်ဆွဲချလာတာ သေချာပါတယ်” လို့ဆိုပါတယ်။

ရဲမှူး Walter Armstrong က ” Raphael McCloud, အသက် ၃၃ နှစ်နဲ့ တူဖြစ်သူ Akeem McCloud, အသက် ၂၀အား အမျိုးသမီးကြီးသေဆုံးမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားပါတယ်။ သူတို့က Wilson ရဲ့အိမ်ကိုဝင်ရောက် အနုကြမ်းစီးပြီး အမျိုးသမီးကြီးကို ပြန်ပေးဆွဲသွားတာဖြစ်ပြီး လမ်းမှာတင် ပစ်ချထားခဲ့တာ” လို့ဆိုပါတယ်။

မူးရစ်ယမ်းကားပြီး ကားမောင်းတဲ့အပြင် Wilson ရဲ့ကားကို ခိုးယူမောင်းနှင်ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပါသတဲ့။ ပြီးတော့ ကားထဲမှာ ခိုးယူလာခဲ့တဲ့ သေနတ်တစ်လက်ကိုလည်း တွေ့ရှိခဲ့ပါတယ်။

ထိုဆေးရုံကို ၁၉၈၉ ခုနှစ်ကတည်းက ဆက်လက်အသုံးမပြုတော့ဘဲ ပိတ်ထားခဲ့တာဖြစ်ပါတယ်။ Childers က ဒီအဆောက်အဦးကို သရဲရှာဖွေသူတွေက စိတ်ဝင်စားကြပေမယ့် စိတ်ချရတဲ့အဆောက်အဦးမဟုတ်ဘူးလို့ ဆိုပါတယ်။

 “ Kuhn ဆေးရုံမှာ ရုပ်အလောင်းတွေမြုပ်လို့ရမယ့် နေရာတွေ အများကြီးရှိတဲ့အတွက် လုံခြုံစိတ်ချရတဲ့ နေရာမဟုတ်ပါဘူး။ လူတွေအနေနဲ့ ဒီနေရာနဲ့ ဝေးဝေးနေသင့်ပါတယ်” လို့လည်း ဆိုပါတယ်။

( MTN )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment