Powered by Blogger.

ကြွက်တွေဟာ အနာဂတ်အစားအစာတွေကို စိတ်ကူးယဉ်တတ်ကြ




ကျွန်တော်တို့နဲ့ ကြွက်တွေနဲ့ တူညီတဲ့အချက်တစ်ခုရှိပါတယ်.. ကျွန်တော်တို့အားလုံး ဒိန်ခဲကြိုက်ကြတယ် စသည်ဖြင့်ပေါ့။

University College London က သုတေသနပြုသူတွေအဆိုအရ ကြွက်တွေဟာလည်း သူတို့ရဲ့အနာဂတ်နဲ့ အစားအစာတွေကို ရှာဖွေနိုင်မယ့်လမ်းကြောင်းတွေအကြောင်း အိပ်မက်မက်ကြပါသတဲ့။ ခရီးသွားလာခြင်းနဲ့ အစားအစာ -- ကြွက်တွေရဲ့ဘ၀ဟာ ထင်ထားတာထက် ပိုမိုရှုပ်ထွေးနေနိုင်ပါတယ်။

သုတေသနပြုလုပ်သူတွေအဆိုအရ သူတို့မရောက်ရှိနိုင်တဲ့ အစာရှိတဲ့အခန်းနေရာတွေအတွက် လမ်းကြောင်းရှာဖွေတဲ့အလျောက် ကြွက်တွေရဲ့ဦးနှောက်ဟာ အလုပ်လုပ်ပါသတဲ့။ ပြီးတော့ ကြွက်တွေကို သီးသန့်အနားယူစေပြီးနောက် အစာရှိတဲ့အခန်းဆီကို သွားခွင့်ပေးပါတယ်။

သူတို့ အိပ်မက်မက်တဲ့အချိန်နဲ့ လမ်းလျှောက်သွားနေတဲ့အချိန်မှာ ဦးနှောက်ရဲ့တုံ့ပြန်မှုတွေကို နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ အတူတူနီးပါးဖြစ်နေတာကို တွေ့ရပါတယ်။ သဘောကတော့ သူတို့ဟာ ဖွက်ထားတဲ့အစာရှိရာလမ်းကြောင်းကို လျှောက်သွားတယ်လို့ အိပ်မက်မက်တာပါပဲ။

“လေ့လာချက်အရ နို့တိုက်သတ္တ၀ါတွေဟာ သူတို့ရဲ့မသိစိတ်ထဲမှာ ပတ်ဝန်းကျင်အကြောင်း မြေပုံကိုလျင်လျင်မြန်မြန် ဖန်တီးပြီးဖြစ်ပါတယ်” လို့ ခေါင်းဆောင်၊ UCL မှ လက်တွေ့စမ်းသပ် စိတ်ပညာ ပရော်ဖက်ဆာ Hugo Spiers က ရှင်းပြထားပါတယ်။ “ အိပ်နေတဲ့အခါ ဒါမှမဟုတ် အနားယူတဲ့အခါတွေမှာ မှတ်ဥာဏ်တွေကို ပိုမိုအားကောင်းစေတဲ့ မသိစိတ်က အဲဒီမြေပုံတွေအတိုင်း ပြန်ပြီးအိပ်မက်မက်စေပါတယ်” လို့ ပြောကြားထားပါတယ်။

( MTN )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment