Powered by Blogger.

ဗြိတိန်နိုင်ငံက တယ်လီဖုန်း ၀ါယာ ကြိုးတစ်ခုပေါ်မှာ ဗမာ့စပါးကြီးမြွေ တစ်ကောင်ကိုတွေ့ရှိ




ယေဘူယျအားဖြင့်တော့ ဗြိတိန် လူမျိုးတွေ ကောင်းကင်ပေါ်က ဆင်းလာမှာ ကြောက်ရတဲ့ တိရိစ္ဆာန်က ခိုတွေ ၊ ကျီးကန်းတွေပဲ ရှိပါတယ်။

ဘာပဲ ဖြစ်ဖြစ် North Wales ပြည်နယ် ၊  Anglesey မြို့မှာနေထိုင်သူတွေဟာ သူတို့ ရဲ့ အထက် အမြင့်တစ်နေရာမှာ ကြောက်စရာ ကောင်းတဲ့ အခြား တိရိစ္ဆာန်တစ်ကောင်ရောက်နေတာကို တွေ့ခဲ့ကြရပါတယ်။

ဗမာ့စပါးကြီး မျိုး မြွေတစ်ကောင်ဟာ အဆောက်အဦး ၂ ခုကြားက တယ်လီဖုန်း ၀ါယာ ကြိုးပေါ်မှာ ကပ်ပြီး ခွေနေတာကို အားလုံးက တွေ့ခဲ့ကြရပါတယ်။ ထို နေရာကို ရဲ အရာရှိ တွေ ရောက်လာပြီး ရဲ အရာရှိတစ်ဦးက ထိုမြွေ ကို ဓါတ်ပုံ ရိုက်ယူထားပြီး မြွေရဲ့ ဖြစ်စဉ်တွေကို စုံစမ်းခဲ့ပါတယ်။ ထို မြွေဟာ အနီးအနားမှာ ရှိတဲ့ အိမ်တစ်လုံးမှာ လှောင်အိမ်ထဲထည့်ထားတဲ့ မြွေဖြစ်ပြီး လှောင်အိမ်ထဲက လွတ်မြောက်သွားကာ ပြတင်းပေါက်မှ တစ်ဆင့် တယ်လီဖုန်း ၀ါယာကြိုးတွေ ပေါ်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

ထို ဗမာ့စပါးကြီး မျိုး မြွေကြီးဟာ ၅ မီတာခန့် အရှည်ရှိပါတယ်။ ထို မြွေ လွတ်မြောက်နေခြင်းဟာ အထူးသဖြင့် ကလေးတွေအတွက် အန္တရာယ်ရှိနိုင်ပြီး ထိုနေရာ အနီးအနား မှာ ရဲတပ်ဖွဲ့ဝင်တွေ အဆင်သင့်ရှိနေခဲ့တာက အိမ်နီးနားချင်းတွေကို ကံကောင်းစေခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ တိရိစ္ဆာန် မွေးမြူထားသူတွေကို မိမိတို့ရဲ့ အန္တရာယ်များတဲ့ တိရိစ္ဆာန်တွေဟာ မိမိတို့သတ်မှတ်ထားတဲ့ လှောင်အိမ်တွေထဲမှာ လုံခြုံမှုရှိစွာ ရှိနေတာ သေချာအောင် ပြုလုပ်ဖို့လည်း Twitter ကတစ်ဆင့် သတိပေးခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment