Powered by Blogger.

Up ကာတွန်းထဲကလို မိုးပျံပူဖောင်းတွေနဲ့ လေပေါ် ပျံပြခဲ့သူ လူငယ်




အမျိုးသား တစ်ဦးဟာ ထိုင်ခုံတစ်လုံးကို ဟီလီယမ် ဓါတ်ငွေ့ထည့်ထားတဲ့ မိုးပျံပူဖောင်း အလုံး ၁၀၀ နဲ့ တွဲချည်ကာ လေပေါ် ပျံပြခဲ့တဲ့ စတန့်တစ်ခုကို ဖန်တီးခဲ့ပါတယ်။

ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာတော့ Daniel Boria ဆိုသူဟာ ပရိတ်သတ်တွေ ၅ ကနေ ၁ အထိ ရေတွက် အပြီးမှာပဲ လေပေါ်ကို စတင်ပျံသန်းသွားတာကိုတွေ့ရပါတယ်။

အသက် ၂၆ နှစ်သာ ရှိသေးတဲ့ စွန့်စားသူ လူငယ်လေးဟာ အလျင်အမြန် ပဲ ကောင်းကင်ပေါ်ကို အမြင့်ကြီးအထိ ရောက်သွားခဲ့ပါတယ်။ ရုတ်တရက် ကြည့်ရင် Disney ရဲ့ Up ကာတွန်းထဲက အတိုင်းပါပဲ။

"သူ့မှာ ပူဖောင်းတွေကို ထိန်းချုပ်တဲ့ ကိရိယာ မရှိပါဘူး။ ပြီးတော့ တစ်ကယ်တမ်းက လေတိုက်တဲ့ အရှိန် နဲ့ သူ က ပျံသန်းနေတာပါ။ အဲဒီတုန်းက လေကလည်း အရမ်းတိုက်တဲ့အတွက် သူလည်း အမြင့်ကိုပိုရောက်သွားခဲ့ပါတယ်။ " လို့ မစ္စတာ Boria ရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ဦးဖြစ်သူ Derek Mohajer က ABC သတင်းဌာန ကိုပြောပြခဲ့ပါတယ်။

တစ်ကယ်တမ်းတော့ သူဟာ သန့်ရှင်းရေး ကုမ္မဏီ တစ်ခုအတွက် ပရိုမိုးရှင်းအနေနဲ့ အခုလို စတန့် ပြခဲ့တာ ဖြစ်ပေမယ့်လည်း  စတန့်အပြီးမှာတော့ ကနေဒါနိုင်ငံ ၊ Calgary မြို့မှာနေထိုင်သူ မစ္စတာ Boria ဟာ အသက် အန္တရာယ်ရှိတဲ့ လုပ်ရပ်ကို လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက် နဲ့ အဖမ်းခံ လိုက်ရပါတယ်။

Calgary မြို့ ရဲတပ်ဖွဲ့ကတော့ Facebook မှာ " သူဟာ မြို့လယ်ခေါင် ကောင်းကင်အထက်ကို ရောက်တဲ့အခါမှာ ထိုင်ခုံပေါ်က ခုန်ချလိုက်ပြီး သူ့ကျော်မှာ အသင့်ပါလာတဲ့ လေထီးကို ဖွင့်ခဲ့ပါတယ် " လို့ရေးသားဖော်ပြခဲ့ပါတယ်။

သူဟာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိပဲ မြေပြင်ပေါ်ဆင်းလာအပြီးမှာပဲ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment