Powered by Blogger.

ခေါင်းစည်းကြိုး ၆၂ခု၊ အတွင်းခံ ၈စုံစားခဲ့တဲ့ ခွေးကို အရေးပေါ်ခွဲစိတ်ခဲ့ရ




Tiki အမည်ရှိတဲ့ Labrador ခွေးတစ်ကောင်ဟာ အမြဲကိုဆာလောင်နေတတ်ပါတယ်။ ဒါပေမဲ့ မကြာသေးမီတုန်းက တိရိစ္ဆာန် မွေး/ကုဆရာဝန်ကို သွားပြတဲ့အခါ သူ့မှာ အရသာခံနိုင်စွမ်း မရှိတော့တာကို သိခဲ့ရပါတယ်။

Tiki ကိုခွဲစိတ်ခဲ့တဲ့အခါ၊ ခေါင်းစည်းကြိုး ၆၂ခုနဲ့ အတွင်းခံ ၈စုံကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ Pennsylvania မှာရှိတဲ့ Good Shepherd တိမွေးကုဆေးရုံမှ ဆရာဝန်က ပြောခဲ့ပါတယ်။ Tiki ဟာ အန်တာ၊ ၀မ်းလျှောတာ၊ စားချင်စိတ်ပျောက်ဆုံးနေတာ တွေဖြစ်နေတဲ့အတွက် သူ့ရဲ့ပိုင်ရှင် Sara Weissက ဆေးရုံကိုလာရောက်ပြသခဲ့တာပါ။

Tikiဟာ တိမွေးကုဆရာဝန်ပေးတဲ့ ဆေးတွေသောက်ရုံနဲ့ ဆေးမတိုးတော့တဲ့အတွက် ဓာတ်မှန်ရိုက်ကြည့်ရာမှ သူ့ရဲ့ဗိုက်ထဲမှာ ရှုပ်ရှုပ်ထွေးထွေးတွေကို တွေ့လို့ အရေးပေါ်ခွဲစိတ်မှုပြုခဲ့ရတာပါ။ နှစ်နာရီကြာခွဲစိတ်ပြီးနောက် ခွေးရဲ့ဗိုက်ထဲကနေ အိမ်အသုံးအဆောင်ပစ္စည်းတွေ ထွက်လာတဲ့အတွက် ဆရာဝန်က အံ့အားသင့်ခဲ့ရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment