Powered by Blogger.

နိုင်တဲ့သူကို ဇနီးသည်ရဲ့ အလေးချိန်နဲ့ညီမျှတဲ့ ဘီယာတွေ ဆုချမယ့် ဇနီးသည်အထမ်းပြိုင်ပွဲ




ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဇနီးသည် အထမ်းပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ကံထူးသူဟာ အိမ်ကို ဇနီးသည် ရဲ့ အလေးချိန် နဲ့ ညီမျှ တဲ့ ဘီယာ ပမာဏ ကို သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံ Sonkajarvi မြို့မှာ ကျင်းပပြုလုပ်တဲ့ ထို ပြိုင်ပွဲဟာ ဒီနှစ်မှာ အနှစ် ၂၀ ပြည့် အမှတ်တရ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မိုးဖွဲဖွဲ လေးကြားမှာ ကျင်းပခဲ့တဲ့ ထို ပြိုင်ပွဲကိုတော့ နိုင်ငံပေါင်း ၁၄ နိုင်ငံက စုံတွဲ ၆၀ ကျော်က ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲကို ပျော်ချင်ရုံ သက်သက် စတင် ကျင်းပ ခဲ့တာ ဖြစ်ပေမယ့်လည်း အချိန်တွေကြာလာတဲ့အခါမှာတော့ တစ်ကယ့် အားကစား တစ်မျိုးသဖွယ် ကျင့်သုံး ယှဉ်ပြိုင်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

ထို ပြိုင်ပွဲကိုတော့ ၂ ရက်ကြာ ကျင်းပတာ ဖြစ်ပြီး တစ်ယောက်ချင်း တာတို ပြိုင်ပွဲ ၊ အဖွဲ့လိုက်ပြိုင်ပွဲ တွေလည်း ပါဝင်ပြီး အဓိက ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲကတော့ ၂၅၃.၅ မီတာ တာဝေးပြေးပွဲပဲ ဖြစ်ပါတယ်။

ထို ပြိုင်ပွဲရဲ့ တရားဝင် ၀က်ဘ်ဆိုက်မှာ ရေးသားထားတာကတော့ ထို ပြိုင်ပွဲမှာ ဇနီးသည်ကို သယ်ဆောင်ရတဲ့ ပြိုင်ပွဲ ၀င်ပုံစံ ၄ မျိုးရှိပါသတဲ့။ တစ်ခုကတော့ ကျောမှာ ပိုးပြီး ထမ်းတာဖြစ်ပြီး နောက်တစ်မျိုးကတော့ သယ်ဆောင်သူအမျိုးသား ရဲ့ ကျောမှာ ဇနီးသည်က ဇောက်ထိုး လိုက်ပါရတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၂ မျိုးကတော့ ပခုံး ပေါ်မှာ အတည့်ထမ်းတာနဲ့ တစ်စောင်းထမ်းတာတို့ပဲ ဖြစ်ပါတယ်။ ကြိုက်တဲ့ စတိုင်လ် နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်လို့လည်း ရေးသားထားပါတယ်။

ထို ပြိုင်ပွဲ ကျင်းပရခြင်း ရဲ့ ရည်ရွယ်ချက်ကတော့ လက်တွဲဖော်ချင်း တစ်ယောက် ပြောချင်တာကို တစ်ယောက်က ချက်ချင်းနားလည်နိုင်စေရန် နဲ့ လက်တွဲဖော် ၂ ယောက်ကြားမှာ တစ်ယောက်ရဲ့ အရေးပါပုံကို နောက်တစ်ယောက်က သိရှိနိုင်စေရန် အတွက်ပဲ ဖြစ်ပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment