Powered by Blogger.

ဂျပန်နိုင်ငံက ၀ိုင် နဲ့ ပြုလုပ်ထားတဲ့ အများပြည်သူသုံး ရေနွေးကန်




ခက်ခဲ ကြမ်းတမ်းတဲ့ နေ့တစ်နေ့ အဆုံးမှာ ၀ိုင် တစ်ခွက်နဲ့ ရေနွေးကန် ကို သင် အတောင့်တ ဆုံး ဖြစ်မှာပါ။ အခုတော့ ဂျပန် နိုင်ငံက အပန်းဖြေ စခန်းတစ်ခုဟာ ထို ၂ ခုကို ပေါင်းစပ်ပြီး အပန်းဖြေခြင်း အဆင့်တစ်ဆင့် ကို တက်လှမ်းခဲ့ပါပြီ။

တိုကျိုမြို့ရဲ့ အပြင်ဘက်မှာ ရှိတဲ့ မှော်ဆန်တဲ့ ထိုနေရာကို Hakone Kowakien Yunessun လို့ ခေါ်ပြီး ထိုအပန်းဖြေစခန်းမှာတော့ Lukewarm ၀ိုင်တွေ ထည့်ထားတဲ့ အများပြည်သူသုံး ရေချိုးကန် တစ်ခု ရှိနေပါတယ်။ လူသားစွပ်ပြုတ် လုပ်စားနေသလိုပါပဲ။

ကလေးအများစုဟာ ၀ိုင်ပုလင်းအကြီးကြီးထဲက ထွက်လာတဲ့ အနီရောင် ၀ိုင်ရည်တွေနဲ့ ပြည့်နှက်နေတဲ့ ပူနွေးတဲ့ ရေချိုးကန်ထဲမှာ ပျော်ရွှင်စွာ ရေချိုးရင်းဆော့ကစားနေကြပေမယ့်လည်း မိဘတွေကတော့ သိပ်စိတ်ဝင်စားပုံ မရပါဘူး။





ဒါပေမယ့်လည်း ကော်ဖီ ကြိုက်တဲ့ အသက်ကြီးပိုင်းတွေအတွက်လည်း ကဖိန်း ဓါတ်တွေ ထည့်သွင်း အပူပေးတဲ့ ကော်ဖီ ရေပူကန်ထဲမှာလည်း စိမ်နေနိုင်မယ့် ရွေးချယ်ခွင့် တစ်ရပ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကော်ဖီ ကန်ရဲ့ ရေ ပြင်အရောင်ကတော့ ပန်းကန်ဆေး တဲ့ ရေ တွေနဲ့ အနည်းငယ် ဆင်တူနေပါတယ်။

ဒါမှမဟုတ် သင်ဟာ အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေချိုးကန်ထဲ ၀င်ရောက်ချင်ပါတယ်ဆိုရင်လည်း အစိမ်းရောင် လက်ဖက်စိမ်း ရေနွေးကန်ထဲမှာ ၀င်ရောက် အနားယူနိုင်ဦးမှာ ဖြစ်ပါတယ်။

တစ်ကယ့် အမိုက်စား အပန်းဖြေ အနားယူခြင်းတစ်မျိုးပါပဲ။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment