Powered by Blogger.

ဗြိတိန် နိုင်ငံရဲ့ ကောင်းကင်ယံမှာ “Ominous” အနက်ရောင် ကွင်းကြီး ရွေ့လျားသွား




ဗြိတိန်နိုင်ငံ Nottinghamshire မှ YouTube အသုံးပြုသူတစ်ဦးဟာ သူ့အိမ်ပေါ်မှာ ထူးဆန်းတဲ့ အနက်ရောင် ကွင်းအကြီးကြီး ပျံသန်းနေပုံတဲ့ ဗီဒီယိုကို တင်ထားခဲ့ပါတယ်။

Pierce Smith  You Tube မှာ တင်ထားခဲ့တဲ့ ဗီဒီယိုထဲမှာ Nottinghamshire ရှိ Smith ရဲ့ အိမ်အပေါ် ကောင်းကင်မှာ ကြာသာပတေးနေ့က ပျံဝဲနေတာကို တွေ့ရမှာဖြစ်ပါတယ်။

“ကျွန်တော်အိမ်ပေါ်မှာ ပျံသန်းနေတဲ့ ထူးဆန်းတဲ့အရာ” လို့ ခေါင်းစဉ်ပေးထားတဲ့ ဗီဒီယိုမှာ “ ကျွန်တော်တို့ရွာပေါ်ကနေ ဒီ အနက်ရောင်ကွင်း အကြီးကြီးဟာ ရွေ့လျားပျံသန်းသွားပါတယ်” လို့ ရေးသားထားခဲ့ပါတယ်။

Smith တင်ထားတဲ့ ဒီဗီဒီယိုမှာ တစ်ချို့သူတွေကတော့ ဒါဟာ လျှပ်စစ်ထရန်စဖော်မာ စတင်မီးလောင်ကျွမ်းလို့ ဖြစ်ပေါ်လာတာလို့ ထင်မြင်ချက်ပေးထားတာ ကြပါတယ်။

Redditor Anonymoose98 က “ဒါဟာ ထရန်စဖော်မာ အကြီးကြီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ သိပ်မကြာသေးခင်ကပဲ ဒီလိုတင်ထားခဲ့တဲ့ ဗီဒီယိုတစ်ခုကို ကျွန်တော်မှတ်မိနေပါသေးတယ်” လို့ ရေးသားထားတာ တွေ့ရပါတယ်။

တစ်ခြားတစ်ယောက်ကတော့ ဒီကွင်းဟာ  ဂျက်လေယာဉ်အင်ဂျင်ကနေ ထုတ်လွှတ်လိုက်တဲ့ မီးခိုးငွေ့လုံးကြောင့် ဖြစ်နိုင်တယ်လို့လည်း ထင်မြင်ချက်ပေးထားပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment