ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါ ရဲ့ အသက် ၃၇ နှစ်ပြည့်မွေးနေ့ ကျင်းပ
ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါ ၀က်ဝံ ဟာ သူမရဲ့ အသက် ၃၇ နှစ်ပြည့်မွေးနေ့ပွဲကို ဟင်းသီးဟင်းရွက်နဲ့ ၀ါးတို့ကို ပေါင်းစပ်ဖန်တီးထားတဲ့ ရေခဲ ကိတ်မုန့် စားသုံးရင်း ကျင်းကဆင်နွှဲခဲ့ပါတယ်။
Jia Jia လို့ ခေါ်တဲ့ ထို ပန်ဒါဝက်ဝံမလေးဟာ လက်ရှိမှာ ဂရင်းနစ် ကမ္ဘာ့စံချိန် ၂ခု ကို ပိုင်ဆိုင်ထားပါတယ်။ အဲဒါတွေကတော့ အမြဲတမ်းအတွက် အသက်အကြီးဆုံး ပန်ဒါ နဲ့ သက်ရှိထင်ရှား အသက်အကြီးဆုံး ပန်ဒါတို့ပဲ ဖြစ်ပါတယ်။
၁၉၇၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Jia Jia ဟာ ဟောင်ကောင်အိုးရှင်း ပန်းခြံမှာ ၁၉၉၉ ခုနှစ်ကတည်းက နေထိုင်ခဲ့တာဖြစ်ပါတယ်။
ထို ပန်းခြံရဲ့ တိရိစ္ဆာန် ၀န်ဆောင်မှု ဆိုင်ရာ ဒါရိုက်တာ တစ်ဦးဖြစ်သူ Paolo Martelli ရဲ့ ပြောကြားချက်အရတော့ ပန်ဒါဝက်ဝံ တစ်ကောင်ရဲ့ သာမန် သက်တမ်းဟာ အနှစ် ၂၀ ဖြစ်ပြီး လက်ရှိ သက်ရှိထင်ရှားရှိနေတဲ့ ပန်ဒါဝက်ဝံ ပေါင်း ၄၀၀ ကျော်မှာ ၈ ကောင်ခန့်သာ အသက် ၃၀ ကျော်ထိ အသက်ရှင်နေတယ်လို့ သိရပါတယ်။
Jia Jia ရဲ့ အသက်ဟာ လူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အသက် ၁၁၀ ခန့် နဲ့ ညီမျှနေတယ်လို့သိရပြီး သူမဟာ သွေးတိုး နဲ့ အရိုးအဆစ်ရောင်ရမ်းခြင်း ရောဂါ တို့ကို ခံစားနေရကာ သူမရဲ့ ကျန်းမာရေးဟာ တည်ငြိမ်နေတဲ့ အနေအထားမှာတော့ ရှိနေသေးတယ်လို့ လည်း သိရပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment