ဖာရိုးကျွန်းစွယ်ရဲ့ ရိုးရာ ပွဲတော်တစ်ခုဖြစ်တဲ့ ရက်စက် လှသော ဝေလငါးသတ်ပွဲ
ဖာရိုးကျွန်းစွယ်မှာ ဝေလငါး အကောင် ၂၅၀ ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်တဲ့ မြင်ကွင်းတွေထွက်ပေါ်လာပါတယ်။
ဝေလငါး အစုအဖွဲ့တစ်ခုဟာ မော်တော်ဘုတ်တွေပေါ်မှာ ရှိတဲ့ ငါးဖမ်းသမား တွေရဲ့ ၀ိုင်းဝန်းထားခြင်းကိုခံထားရပြီး ကုန်းမြေ ပေါ်ကို အတင်းအကျပ် သွားရန် စေခိုင်းခံ ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကုန်းမြေ ပေါ်မှာတော့ ရွာသား ရာပေါင်းများစွာဟာ ထို ဝေလငါးတွေကို သတ်ဖြတ်ဖို့ စောင့်နေကြတာပဲ ဖြစ်ပါတယ်။
ဒေသခံ ရွာသူရွာသားတွေကတော့ ပြုံးပျော်နေရင်းပဲ တစ်ချို့ဟာ ရေကူးဝတ်စုံများ ၀တ်ဆင်ကာ ဓါးများ ခရင်းများကိုင်ဆောင်ပြီး ဝေလငါးတွေကို သတ်ဖြတ်ခဲ့ကြပါတယ်။ ဝေလငါးတွေရဲ့ ပတ်လည်မှာ ရှိတဲ့ ရေပြင်တွေဟာ ဝေလငါးတွေရဲ့ သွေးတွေကြောင့် အနီရောင် ပြောင်းလဲသွားခဲ့ရပြီး ထို မြင်ကွင်းကို အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပါ ကုန်းမြေပေါ်ကနေ ကြည့်ရှုနေခဲ့ကြပါတယ်။
ထို မြင်ကွင်းဗီဒီယိုတွေကိုတော့ ရေနေသတ္တ၀ါ ကယ်ဆယ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Sea Shepherd အဖွဲ့ရဲ့ တက်ကြွလှုပ်ရှားသူတွေ က မှတ်တမ်းတင်ထားခဲ့ကြတာဖြစ်ပါတယ်။ ထို ဝေလငါးဖမ်းပြီးသတ်တဲ့ပွဲမှာ ၀င်ရောက် တားဆီးခဲ့ကြတဲ့ Sea Shepherd အဖွဲ့က တက်ကြွ လှုပ်ရှားသူ ၅ ယောက်ဟာ လည်း အဖမ်းခံခဲ့ရသေးတယ်လို့ သိရပါတယ်။
Bour နဲ့ Torshavn ဆိုတဲ့ ကမ်းခြေတွေမှာ ဝေလငါးတွေ သတ်ဖြတ်ခြင်း ဟာ ဒိန်းမတ်နိုင်ငံ ပိုင် ဖာရိုးကျွန်းစွယ် ရဲ့ ရိုးရာ ဓလေ့ ပွဲတော်တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ရာ ပေါင်း များစွာကတည်းက ကျင်းပလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ထို ဓလေ့ ကိုတော့ Grindadrap လို့ ခေါ်ပါတယ်တဲ့။
ဝေလငါးသတ်ခြင်း ဟာ ဒိန်းမတ်နိုင်ငံအတွင်းမှာတော့ တရားမ၀င်ပါဘူး။ ဒါပေမယ့်လည်း ဖာရိုးကျွန်းစွယ်မှာတော့ တရားဝင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Metro
0 comments:
Post a Comment