Powered by Blogger.

ဗြိတိန် ပါလီမန် အတွင်းကနေ ညစ်ညမ်း ၀က်ဘ်ဆိုက်များသို့ ၀င်ရောက်နှုန်း ၂ သိန်းခွဲထိရှိနေ




မနှစ်က တုန်းက ဗြိတိန် ပါလီမန် အတွင်းကနေ ညစ်ညမ်း အပြာ ၀က်ဘ်ဆိုက်(Porn) တွေကို ၀င်ကြည့်မှု အကြိမ်ရေ ၂ သိန်းခွဲထိ ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အခုလို ညစ်ညမ်း ၀က်ဘ်ဆိုက် ၀င်ရောက်ကြည့်ရှုရန် တောင်းဆိုမှုတွေဟာ ပါလီမန် အဖွဲ့ဝင် တွေရဲ့ ဆာဗာ တွေက တဆင့် တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုးဆုံး တွက်ချက်မှုအရတော့ တစ်နေ့ကို X အဆင့် ရှိတဲ့ ၀က်ဘ်ဆိုက်တွေဝင်ရောက်ကြည့်ရှု နှုန်း ၁၃၀၀ ကြိမ်ခန့်ရှိနေပါတယ်တဲ့။ ဒါပေမယ့်လည်း ပါလီမန် တာဝန်ရှိသူတွေကတော့ တွက်ချက်မှုဟာ မှားယွင်းနေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထို တိုင်းတာမှု တွေဟာ Express.co.uk ရဲ့ သတင်းအချက်အလက် လွတ်လပ်ခွင့်အတွက် တောင်းဆိုမှု အပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

မနှစ်က အပြာဝက်ဘ်ဆိုက် ၀င်ရောက်ကြည့်ရှုနှုန်း ၂ သိန်းခွဲ ဆိုတာဟာ အရေအတွက် အားဖြင့် ကျဆင်းလာတာလို့ ပြောလို့ရနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ဗြိတိန် ပါလီမန် အတွင်းမှာရှိတဲ့ ဆာဗာ တွေကနေ အပြာဝက်ဘ်ဆိုက် ၀င်ရောက်ကြည့်ရှုနှုန်း ၃ သိန်းခွဲ ထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ၀င်ရောက်ကြည့်ရှုနှုန်းတွေဟာ တစ်ချို့သော အချိန်တွေမှာ မတူညီပဲ မြင့်တက်နေတာတွေလည်းရှိပါတယ်။ မနှစ်က ဧပြီလမှာ အပြာဝက်ဘ်ဆိုက်ဝင်ကြည့်နှုန်း ၄ သောင်း ၂ ထောင်ထိ ရှိခဲ့ပေမယ့် ထိုအချိန်ကာလ ဟာ ပါလီမန် အဖွဲ့ဝင်တွေ Easter အားလပ်ရက်အတွက် ၂ ပတ်ခွဲတိတိ နားနေချိန်ဖြစ်ပါတယ်။ ဒီဇင်ဘာ ခရစ်စမတ် ကာလမှာလည်း ၀င်ရောက်ကြည့်ရှုနှုန်း ၂ သောင်းထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဘာပဲ ဖြစ်ဖြစ် ပါလီမန် ဥက္ကဋ္ဌ ကတော့ ဒီဖြစ်စဉ် နဲ့ ပတ်သက်ပြီး သတိပေးစကားဆိုခဲ့ပါတယ်။ အနည်းဆုံးတော့ ဗြိတိန် ပါလီမန် ဟာ ဘရာဇီးလ် ပါလီမန် လောက် မဆိုးခဲ့ပါဘူး။ ဘရာဇီးလ် ပါလီမန် ကိုယ်စားလှယ်တွေဟာ အစည်းအဝေးဆွေးနွေးပွဲ ကျင်းပနေစဉ် အချိန် အတွင်းမှာ မိုဘိုင်းလ် ဖုန်းနဲ့ ညစ်ညမ်းရုပ်ရှင်တွေကြည့်ရှုနေတာကို တွေ့ခဲ့ရဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment