Powered by Blogger.

ကမ္ဘာ့ အကြီးဆုံး မိုးပျံပူဖောင်း နဲ့ ပြုလုပ်တဲ့ ခွေးပုံ ပန်းပု ကိုပြသ




ကမ္ဘာ့ အကြီးဆုံး မိုးပျံပူဖောင်း ပန်းပု အဖြစ် ကမ္ဘာ့စံချိန် တင်ခဲ့မယ့် လက်ရာတစ်ခုကို မိုးပျံပူဖောင်း အလုံး ၈၀၀၀ အသုံးပြုပြီး ကြီးမားတဲ့ ခွေးတစ်ကောင် အသွင် ဖန်တီး ပြုလုပ်ထားပါတယ်။

မိုးပျံပူဖောင်း တွေ ပြုလုပ်တဲ့ ပညာရှင်တစ်ယောက်ဖြစ်သူ Jeremy Telford က တစ်ယောက်တည်း ထို ဧရာမ ခွေးပုံ မိုးပျံပူဖောင်း ပန်းပု ရုပ်ကို ပြုလုပ်ပြီး ကမ္ဘာ့စံချိန် တင်ခဲ့တာပဲဖြစ်ပါတယ်။

ထို အရုပ်ကြီးကိုတော့ အမေရိကန် ပြည်ထောင်စု ၊ Utah ပြည်နယ်မှာ ပြသထားတာဖြစ်ပြီး အတိုင်းအတား အားဖြင့် အမြင့် ၆၅ ပေ နဲ့ အရှည် ၃၂ ပေ ရှိပါတယ်။ ထို အရုပ်ကို ဖန်တီး နိုင်ဖို့အတွက် ၄ ရက်တိတိ အချိန်ယူခဲ့ရပြီး မိုးပျံပူဖောင်းစုစုပေါင်း ၈၈၆၇ လုံးကို အတိအကျအသုံးပြုခဲ့ပါတယ်။

Telford က ပြောပြခဲ့တာကတော့ သူဟာ အမြဲတမ်း ကမ္ဘာ့စံချိန် တင်ချင်ခဲ့တာဖြစ်ပြီး အခုတော့ သူ့ဆန္ဒတွေ ပြည့်ဝသွားပါပြီတဲ့။

Jeremy Telford ရဲ့ အရှေ့မှာတုန်းကတော့ မိုးပျံပူဖောင်းတွေနဲ့ ပန်းပု ရုပ်လုပ်ပြပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူတစ်ယောက်ရှိပါတယ်။ သူကတော့ ၀ါရှင်တန် မြို့မှာ နေထိုင်တဲ့ Adam Lee ဖြစ်ပြီး သူ့ရဲ့ ကြီးမားတဲ့ မိုးပျံပူဖောင်း ပင့်ကူ ရုပ်ထုဟာ မိုးပျံပူဖောင်း ၂၉၇၅ လုံး နဲ့ ပြုလုပ်ခဲ့ပြီး ၄၂ ပေ ကျယ်ဝန်းတယ်လို့ သိရပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment