Powered by Blogger.

ရဲအရာရှိကို ရင်သားတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီး




အမျိုးသမီး တစ်ယောက် ဟာ ရဲဝန်ထမ်း တစ်ဦးကို သူမရဲ့ ရင်သား တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

အသက် ၃၀ အရွယ် ရှိနေပြီဖြစ်တဲ့ ဟောင်ကောင်မြို့က Ng Lai-ying ဟာ မတ်လ ၁ ရက်နေ့က ဆန္ဒထုတ်ဖော်မှု တစ်ခုအတွင်း ရဲအရာရှိတစ်ယောက်ကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရပါတယ်။

တရားရုံးမှာ ထွက်ဆိုချက်တွေအရတော့ Ng Lai-ying ဟာ  ရဲအရာရှိ တစ်ဦးက သူမရဲ့ လက်ကိုင်အိတ်ကို ဆွဲယူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာမှ တစ်ဆက်တည်း သူမရဲ့ ရင်သားတွေနဲ့ ထိစပ်နေတဲ့အတွက် သူမက ရင်သားတွေ နဲ့ တိုက်ခိုက် သလို ဖြစ်သွားတယ်လို့ အခိုင်အမာဆိုပါတယ်။

ဒါပေမယ့် တရားသူကြီးတွေကတော့ သူမရဲ့ ပြောပြချက်တွေကို မယုံကြည်ခဲ့ပါဘူး။ သူမကိုလည်း အမျိုးသမီး အမှတ်အသားကို အသုံးပြုပြီး အရာရှိကို တိုက်ခိုက်တယ်လို့ ဆိုကာ ထိလိုက်နာကျင်စေမှု နဲ့ အရေးယူမှာ ဖြစ်တယ်လို့ South China Morning Post သတင်းစာ က ဖော်ပြခဲ့ပါတယ်။

ရဲအရာရှိ ဘက်က ဘာတွေ ထိခိုက်နာကျင်သွားလဲဆိုတဲ့ အသေးစိတ်ကို မသိရပေမယ့် ထို တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့ ရဲအရာရှိ Chan Ka-po ဆိုသူကတော့ Lai-ying ဟာ သူ့ရဲ့ လက်မောင်းကို သူမရဲ့ ရင်သားတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဆန္ဒထုတ်ဖော်မှု ဗီဒီယိုတွေက ပြသခဲ့တာကတော့ Lai-ying ဟာ နှာခေါင်းသွေးတွေထွက်ပြီး ရဲအရာရှိကို စကားပြောနေတဲ့အတွက် ပြည်သူအများစုကတော့ သူမဟာ တိုက်ခိုက်ခံရသူသာ ဖြစ်တယ်လို့ အခိုင်အမာဆိုနေကြပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment