Powered by Blogger.

ကိုယ်ထောင်တဲ့ဗုံး ကိုယ်နင်းမိပြီး ISIS ခေါင်းဆောင် ၂ ယောက်သေဆုံး




အစ္စလာမ် အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISIS အဖွဲ့ဝင်တွေ ထောင်ထားတဲ့ မြေမြှပ်မိုင်း တစ်ခုကို ISIS အဖွဲ့ခေါင်းဆောင် အရာရှိ ၂ ဦးက ပြန်လည် နင်းမိကာ ဗုံးပေါက်ကွဲပြီး ထို အရာရှိ ၂ ဦး သေဆုံးသွားခဲ့တယ်လို့ Peshmerga စစ်တပ် က တရားဝင် ပြောကြားခဲ့ပါတယ်။

Kharbadan မှာ ရှိတဲ့ လမ်းမတစ်ခုပေါ်မှာ စစ်သည် ပေါင်းများစွာ ရှိနေချိန်မှာပဲ ထိုပေါက်ကွဲမှုဟာ ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ Peshmerga တပ်ဖွဲ့ခေါင်းဆောင် အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။

Mekhmour တပ်ခွဲမှ အရာရှိတစ်ဦးဖြစ်တဲ့ Ali Hussain က Rudaw သတင်းဌာနကို ပြောပြခဲ့တာကတော့ " Peshmerga စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် Kharnadan ဒေသမှာ ပြီးခဲ့တဲ့ တိုက်ပွဲတွေအတွင်း ISIS အဖွဲ့ဝင်တွေ ထောင်ထားတဲ့ မြေမြှပ်မိုင်းဟာ ပြောင်းပြန်တွေ ပြန်လည်ဖြစ်ပျက်ကာ ရှေ့တန်းက ISIS အဖွဲ့ခေါင်းဆောင် ၂ ယောက် သေဆုံးသွားတာပါ" လို့ဆိုပါတယ်။

သေဆုံးသူ ၂ ယောက်ထဲမှ တစ်ယေက်ဟာ ထိုဒေသ ရဲ့ အုပ်ချုပ်ရေးအရာရှိဖြစ်သူ Abu Malik ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Abu abdul-Aziz လို့ခေါ်တဲ့ ခေါင်းဆောင် တစ်ဦးပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလအစောပိုင်းမှာပဲ ထွက်ပေါ်ခဲ့တဲ့ ထူးဆန်းသော သတင်းတစ်ခုကတော့ ISIS အဖွဲ့ဟာ ဖောက်ခွဲရေး တွေအတွက် အသေခံကြက်တွေကို ဗုံးနဲ့ တွဲချည် အသုံးချလျက်ရှိတယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment