ကြောင်တွေကို အမွေးတွေလိုက် ရိတ်ပေးနေ တဲ့ ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦး
British Columbia မြို့တစ်မြို့မှ ဒေသခံတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ အိမ်မွေးကြောင်လေးတွေကို အိမ်အနီးအနားသွားလာခွင့် ပြုဖို့ကို စိုးရိမ်စိတ်ပူရေကြပါသတဲ့။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ကြောင်လေးတွေရဲ့အမွေးတွေကို ရိတ်ပစ်နေလို့ဖြစ်ပါတယ်။
Campbell မြစ်ဘေးမှာနေထိုင်သူ Jo-Jo Yarjau ရဲ့ ၁၂နှစ်အရွယ် Tabby ဆိုတဲ့ကြောင်မလေးဟာ ဇန်န၀ါရီလတုန်းက သူ့ရဲ့ဗိုက်သားမှာ လေးထောင့်အကွက်ပုံစံ အမွေးတွေကို အရိတ်ခံရပြီး အိမ်ပြန်ရောက်လာပါသတဲ့။ ကြောင်ကလေးဟာ ခုလိုအမွေးတွေအရိတ်ခံရပြီး အိမ်ပြန်ရောက်လာတာ လေးကြိမ်မကပါဘူးတဲ့။
“ပထမတစ်ခေါက်က သူ့ရဲ့အမြီးနဲ့ ဗိုက်သားတွေမှာပါ။ ကြည့်ရတာ ဂျုတ်ကိုသုံးပြီး ရိတ်ပေးခဲ့တာဖြစ်မယ် ဘာလို့လဲဆိုတော့ သူ့ရဲ့နို့သီးခေါင်းလေးတွေမှာ ဒဏ်ရာရထားတာတွေ့ရတယ်။ ပြီးတော့ ဒါဟာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်" လို့ CTV News ကို ပြောပြသွားပါတယ်။
အိမ်နီးချင်းဖြစ်သူ Vance Assu ကလည်း The Campbell River Mirror ကို သူ့ရဲ့ ၄နှစ်သား ကြောင်ကလေး Twilight ဟာလည်း ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ ခုလိုပဲ အမွေးတွေအရိတ်ခံရကြောင်း၊ ခုလိုမျိုးဖြစ်တာတွေဟာ ပုံမှန်လိုဖြစ်နေကြာင်း ပြောပြသွားပါတယ်။
သူနဲ့ သူ့မိသားစုဟာ Twilight ကို အပြင်မထွက်စေဘဲ အိမ်မှာထားဖို့ ကြိုးစားပေမယ့် ကြောင်ကလေးကတော့ အပြင်ထွက်ချင်နေပါတယ်။
Yarjau နဲ့ သူ့မိသားစုကတော့ Tabby ကို နေ့ဘက်တွေမှာ အပြင်မထွက်စေဘဲ အမွေးတွေအရိတ်မခံရတဲ့ ညဘက်တွေမှာပဲ အပြင်ကို ထွက်စေပါတယ်သတဲ့။
( MTN )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Upi
0 comments:
Post a Comment