Powered by Blogger.

လူမည်းတစ်ယောက်ရဲ့ အသည်း ကို အစားထိုးကုသမှုခံယူခဲ့တဲ့ လူဖြူ ရဲ့ အသားအရောင် အမည်းဘက်ပြောင်းသွား




အာဖရိကန်-အမေရိကန် လူမျိုးတစ်ယောက်ရဲ့ အသည်း လှုခြင်း ကိုလက်ခံထားခဲ့ တဲ့ အသည်းရောဂါရှင် လူနာဟောင်း လူဖြူတစ်ယောက်ဟာ သူ့ရဲ့ အသားအရောင် ဟာ တစ်ဖြည်းဖြည်း အမည်းရောင် ဘက် ပြောင်းလာတယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

ထို လူဖြူဟာ အသည်းရောင် အသားဝါ စီပိုးနဲ့ ကင်ဆာရောဂါ တို့ကို ခံစားရပြီးတဲ့နောက် မှာ အသည်း အစားထိုးကုသဖို့ အရေးပေါ်လိုအပ်လာခဲ့ပါတယ်။ အသက် ၆၅ နှစ်ရှိနေပြီဖြစ်တဲ့ ထို လူဖြူ ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဟာ အသည်း အစားထိုးကုသဖို့သာ ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပြခဲ့ကြပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ အဆက်အသွယ်တွေနဲ့ စကားပြောပြီးတဲ့နောက် ထိုလူဖြူဟာ သူနေထိုင်ရာ အနောက်တောင် ရုရှား က Krasnodar မြို့ နေအိမ်ကနေ အမေရိက ကို သွားရောက်ပြီး ခွဲစိတ်ကုသမှု ခံယူဖို့ စီစဉ်ခဲ့ပါတယ်။ အသည်းအစားထိုး ကုသမှု ရဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ အတိအကျသိရှိခဲ့ရခြင်းမရှိခဲ့ပါဘူး။

ထို လူဖြူဟာ အမေရိက မှာ ပြောင်းရွှေ့နေထိုင်မယ်ဆိုရင်တော့ အသည်း အလှုရှင်တွေ့ဖို့လွယ်ကူနိုင်ပြီး အစားထိုး ကုသနိုင်မယ်လို့ အဆက်အသွယ်တွေက ပြောလာတဲ့အတွက် နယူးယော့ခ်ကိုပြောင်းရွှေ့ပြီး ဒေါ်လာ ၅၀၀၀၀၀ ကုန်ကျခဲ့တဲ့ ခွဲစိတ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် လူမည်းတစ်ယောက်က သူ့ကို အသည်းလှုဒါန်းသွားခဲ့တဲ့အတွက် ထိုလူဖြူဟာ အသက်ဆက်ရှင်သန်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Igor Atamanenko ကတော့ သူ့ရဲ့ အသားအရောင်တွေ ပြောင်းလဲလာတာကို သတိထားမိခဲ့တဲ့နောက်မှာ သူ့ကို အမြဲနောက်ပြောင်ခဲ့ပါတယ်တဲ့။ "သူ့ရဲ့ အသားအရောင် တဖြည်းဖြည်း ပိုမည်းလာတာကို ကျွန်တော် သတိထားမိခဲ့တယ်။ သူက သူ့ရဲ့ အသည်းအလှုရှင်ဟာ အာဖရိကန်-အမေရိကန် တစ်ယောက် ဖြစ်တယ်ဆိုတာကို ပြောပြတော့မှ ၊ အသားအရောင်ပြောင်းလဲရခြင်းရဲ့ အကြောင်းပြချက်ကို ကျွန်တော် သိခဲ့တော့တယ်"လို့ Igor က ရုရှားမီဒီယာ တစ်ခုကို ပြောပြခဲ့ပါတယ်။

သူ့ရဲ့ဆရာဝန်တွေကတော့ ဘာကြောင့် အသည်းဟာ သူ့ရဲ့ အသားအရောင် ကို ပြောင်းလဲစေခဲ့တယ်ဆိုတာ အတိအကျ သိနိုင်ဖို့ ကြိုးစားနေတုန်းပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment