Powered by Blogger.

ခေါင်းပေါ်မှာ မီးပန်းတင်ပြီးဖောက်ရာမှ သေဆုံးသွားသော အမျိးသားတစ်ဦး




Fourth of July အခမ်းအနား ကျင်းပနေစဉ် မိမိ ခေါင်းပေါ်မှာ မီးပန်းဖောက်ဖို့ ကြိုးစားရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ အသက် (၂၂) နှစ်အရွယ် ဒီဗွန် စတေပယ်လ် ဆိုသူက အိမ်အနောက်ဘက် ပန်းခြံမှာ သူငယ်ချင်းတွေနဲ့ အရက်သောက်နေရင်း အခုလို ပြုလုပ်ခဲ့တာပါ။

သူ့ရဲ့ ညီဖြစ်သူ ကိုဒီ စတေပယ်လ်က ဒီ ဖြစ်ရပ်ကို ငါးပေ အကွာကနေ မြင်ခဲ့ရတာပါ။ 

"အင်မတန် အံ့သြထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်ကြီးပါ။ ဒီဗွန်က မီးခြစ်ကို ကိုင်ထားပါတယ်။ ဖြစ်ပြီးပြီးချင်း ကျွန်တော် အရင်ဆုံး သွားခဲ့တာပါ။ သူ့ကို ဖြစ်ရပ်ကနေ ဖယ်ထုတ်ပေးဖို့ ဘယ်အရာကမှ မတတ်နိုင်ခဲ့ပါဘူး။ ကျွန်တော်လည်း အနားကို ရောက်ရော ဒီဗွန် အသက်မရှိတော့ပါဘူး။" လို့ ကိုဒီက The New York Times ကို ပြောကြားခဲ့ပါတယ်။

ဒီဗွန်ဟာ ဒီလို မိုက်မဲတဲ့ လုပ်ရပ်မျိုးကို မလုပ်ဖူးဘူးလို့ သူ့ ညီဖြစ်သူက ပြောပါတယ်။ လူတွေ ရယ်ရအောင်တော့ ဟန်ဆောင်ပြုမူတတ်တယ်လို့ ပြောပါတယ်။ 

အခမ်းအနားများ ကျင်းပရာမှာ ဖြစ်ပွားတတ်တဲ့ မီးရှူးမီးပန်းဖောက်ရာက ထိခိုက်မှုတွေကို ထိပ်တန်း မီးသတ်ရဲအရာရှိတွေက စုံစမ်းလျက်ရှိပါတယ်။ ဒီဗွန် သေဆုံးမှုဟာ မေးန်(Maine) ပြည်နယ်မှာ ၂၀၁၂၊ဇန်န၀ါရီ ၁ ရက် က မီးရှူးမီးပန်းဖောက်ခြင်းကို တရားဝင် အသိအမှတ်ပြုလိုက်ချိန်က စပြီး ပထမဆုံးဖြစ်ပွားတဲ့ သေဆုံးမှု ဖြစ်ပါတယ်။

US Consumer Product Safety Commission ရဲ့ အဆိုအရ မီးရှူးမီးပန်း ပစ်ဖောက်မှု မတော်တဆ ဖြစ်ရာမှ သေဆုံးမှုဟာ ၂၀၁၄ ခုနှစ်မှာ ၁၁ ယောက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ၈ ယောက် ရှိခဲ့ပါတယ်။

( TMW )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment