Powered by Blogger.

ကုန်တင်ရထား ခေါင်မိုးပေါ် တွယ်တက်ရာမှ ကောင်လေးတစ်ယောက် ဓါတ်လိုက်ပြီး သေဆုံး




ဆယ်ကျော်သက်လူငယ်လေးတစ်ချို့ဟာ ကုန်တင်ရထားပေါ်ကို ခိုးပြီးတွယ်တက်ရာကနေ ရထားထိပ်မှာရှိတဲ့ လျှပ်စစ်စီးကြောင်းနဲ့ ထိမိပြီး အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ယောက် ဓါတ်လိုက်ပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန် သယ်ယူပို့ဆောင်ရေး ရဲတပ်ဖွဲ့ ရဲ့ ပြောကြားချက်အရတော့ Kyle Bradley ဆိုသူ ဆယ်ကျော်သက်ကောင်လေး ဟာ သူငယ်ချင်း ၂ ယောက်နဲ့အတူ ကုန်တင်ရထားပေါ်တွယ်တက်ဖို့ ကြိုးစားရာကနေ အခုလို ဖြစ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံ ၊ Wakefield မြို့ ၊ Wrenthorpe Sidings ကျေးရွာမှာနေထိုင်ကြတဲ့ ထို လူငယ် ၃ ဦးအနက် Kyle Bradley ကတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်သူငယ်ချင်း ၂ ယောက်ဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေး တစ်ယောက် နဲ့ အသက် ၁၈ နှစ်အရွယ် ကောင်မလေး တစ်ယောက်တို့ကတော့ ဒဏ်ရာရခဲ့ပြီး Pinderfields ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

သူတို့ ၂ ယောက်ရဲ့ အခြေအနေကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

ဗြိတိန် သယ်ယူပို့ဆောင်ရေး ရဲတပ်ဖွဲ့ မှ အရာရှိတစ်ဦးကတော့ "ကောင်လေး ၂ ယောက်နဲ့ ကောင်မလေး ၁ ယောက်ဟာ ရထားလမ်းပေါ်မှာ ရောက်နေကြပြီး အသက် ၁၆ နှစ်အရွယ်ကောင်လေးက ရထားခေါင်းတွဲ ခေါင်မိုးပေါ်ကို တွယ်တက်ရာမှ လျှပ်စစ်နဲ့ ထိမိပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်တယ်" လို့ ဆိုပါတယ်။

ထို သေဆုံးမှု ရဲ့ ဖြစ်စဉ် အသေးစိတ်ကို ထုတ်ပြန်နိုင်ဖို့အတွက် တော့ ရဲတပ်ဖွဲ့က ကြိုးစားနေဆဲ ပဲ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment