Powered by Blogger.

Sex toy နှင့်သာယာနေရင်း ကားဝင်တိုက်တဲ့ အမျိုးသမီးယာဉ်မောင်း





မီနီကားလေးတစ်စီးကို မောင်းလာခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေတုန်း sex toy တစ်ခုကို အသုံးပြုနေစဉ် ဗန်ကားတစ်စီးရဲ့အနောက်ကို ၀င်တိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

မီနီကားကို မောင်းလာတဲ့ အမျိုးသမီးဟာ တဖြည်းဖြည်းနဲ့ ကားဆီကနေ အာရုံပျံ့လွင့်သွားခဲ့ပြီး တိုက်မိခဲ့တာပါ။

စားသောက်ဆိုင်တွေကို ငါးတွေလိုက်ပို့ရတဲ့ ဗန်ကားမောင်းသူဟာ ဒီအမှုမှာ သူ့ရဲ့ပါဝင်ပတ်သက်မှုရှိနေမှာကို အစက စိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ M&J Seafood က သူ့ကုမ္ပဏီလူကြီးတွေ ဗီဒီယိုမှတ်တမ်းကို ပြန်လည်စစ်ဆေးတဲ့အခါမှာ တစ်ဖက်ယာဉ်မောင်းအမျိုးသမီးဟာ vibrator အသုံးပြုနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီဗီဒီယိုမှတ်တမ်းကို ဗန်ကားရဲ့နောက်ဘက်ကင်မရာကနေ ရိုက်ကူးမိထားတာဖြစ်ပြီး အသက် ၃၀ကျော်ကျော် ၄င်းအမျိုးသမီးဟာ သူ့ဘောင်းဘီကို ခပ်သွက်သွက်ချွတ်နေခဲ့တာလည်း ပါပါတယ်။

ဒီယာဉ်တိုက်မှုမှာ သူ့အပြစ်မရှိဘူးလို့ ရှာဖွေတွေ့ရှိသွားတဲ့ M&J Seafood ယာဉ်မောင်းကတော့ စိတ်သက်သာရာရသွားခဲ့ပါတယ်။

‘ဒီမှာတွေ့လား၊ ဒီအမျိုးသမီးက ကောင်းနေပုံရတယ်။’ လို့ M&J Seafood လူကြီးတွေက ပြောပြီး ရယ်ခဲ့ပါတယ်။ ကာယကံရှင် အမျိုးသမီးကိုငဲ့ကွက်တဲ့အနေနဲ့ ဒီဗီဒီယို မှတ်တမ်းကိုတော့ ထုတ်မပြခဲ့လို့ ဘယ်သူဘယ်ဝါဆိုတာကိုတော့ မသိခဲ့ရပါဘူး။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment