Powered by Blogger.

တရုတ်သန်းကြွယ်သူဌေးများ တရုတ်နိုင်ငံကို စွန့်ခွာလျှက်ရှိ




ငွေဆိုတာ ပျော်ရွှင်မှုကို ၀ယ်ယူနိုင်တယ်ဆိုပေမဲ့၊ တရုတ်သူကြွယ်မိသားစုတွေဟာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို မရပ်တန့်နိုင်ဘူးလားဆိုတဲ့ မေးခွန်းဟောင်းကြီးတစ်ခုရှိပါတယ်။

တရုတ်နိုင်ငံရဲ့ အကြွယ်ဝအချမ်းသာဆုံး လူတွေဟာ သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့မိသားစုတွေကို တိုင်းတစ်ပါးဆီ ရွှေ့ပြောင်းနေကြတာတွေ တစ်ခေတ်ထလာပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဗီဆာတွေနဲ့ကို ရွှေ့ပြောင်းကြတာလို့ သိရပါတယ်။

၁ မီလီယမ် ကြွယ်ဝတဲ့ မည်သည့်တရုတ်နိုင်ငံသားကိုမဆို တံခါးဖွင့်ကြိုဆိုတဲ့ နိုင်ငံတွေတော်တော်များများ ရှိပါတယ်။ ဥပမာအားဖြင့် အမေရိကန်ဟာ နိုင်ငံသားခံယူမှုပေးတဲ့ Green Card တစ်ခုအတွက် ကန်ဒေါ်လာတစ်သန်းပဲ ယူပါတယ်။ ဒါဟာ နှစ်နှစ်စာအတွက် အလုပ် ၁၀ ခုရင်းနှီးမြှုပ်နှံမှုကို ဖြစ်စေပါတယ်။

ပြည်သူလူထုတိုးတက်ရေးစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု၊ EB-5 ပရိုဂရမ်နဲ့ဆိုရင် အမေရိကန်တွေအတွက် ပိုပြီးစွန့်စားမှုကင်းတဲ့ အစားထိုးမှုတစ်ရပ်ဖြစ်မှာပါ။

ဗြိတိန်မှာဆိုရင် စတာလင်ပေါင်း တစ်သန်း (ကန်ဒေါ်လာ ၁ ဒဿမ ၅၅သန်း) ကိုရင်းနှီးမြှုပ်နှံမယ်ဆိုရင် ၅နှစ်တာနေထိုင်ခွင့်ကို ရရှိမှာဖြစ်ပါတယ်။

စပိန်နိုင်ငံပိုင် အိုးအိမ်တွေကို ယူရို ၅သိန်း (ကန်ဒေါ်လာ ၅၅၇၀၀၀) တန်ဖိုးကို ၀ယ်ယူမယ်ဆိုရင် ထိုအိုးအိမ်ကို ပြန်မအပ်မချင်း နိုင်ငံခြားသားနေထိုင်ခွင့်ကို ရရှိမှာဖြစ်ပါတယ်။ ၄င်းဗီဇာတွေအတွက် တရုတ်နိုင်ငံသားတွေကို ကန့်သတ်ထားတယ်ဆိုတာ တစ်ခုမှမရှိပါဘူး။

ကနေဒါမှာတော့ ရင်းနှီးမြှုပ်နှံမှုဗီဇာတွေ အရေအတွက်ကျော်လွန်နေခဲ့တဲ့အတွက် လျှောက်ထားမှုတွေကို ယခုနှစ်အစောပိုင်းကာလမှာ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Yahoo!

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment