Powered by Blogger.

အမြင့်ပေ ၁၆၀၀၀ အထက်မှ လေဆင်နှာမောင်းကြီး




အမြင့်ပေ ၁၆၀၀ အထက် လေထုထဲမှ ဖြတ်တိုက်လာသော လေဆင်နှာမောင်းကြီးကို လေယာဉ်ပျံတစ်ခု အတွင်းမှ လျှပ်တစ်ပြက် ရိုက်ယူမိသော ဓာတ်ပုံတစ်ပုံအပါအ၀င် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ လူမှုကွန်ရက်တွေနဲ့ YouTube ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီလေဆင်နှာမောင်းကြီးဟာ အမေရိကန် ကန်းဆက်ပြည်နယ်ကို ဗဟိုပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဟက်ချင်ဆန်မှ ဓာတ်ပုံများအရ၊ နေလုံးကြီးဆီကို ထိန်းမနိုင်သိမ်းမရ အလျှင်အမြန်ရွှေ့လျားနေတဲ့ လေဆင်နှာမောင်ကြီးဟာ အမေရိကန်ရဲ့ လေဆင်နှာမောင်းတွေ ခဏခဏတိုက်တဲ့ မြို့လယ်ခေါင်ကို တိုက်ခတ်ခဲ့တာပါ။

ထိခိုက်ဒဏ်ရာရသူ စာရင်းမရှိ သတင်းရရှိပေမဲ့၊ ဗို့ဒ်အားပြင်း စွမ်းအင်လိုင်းတွေ ပျက်စီးခဲ့ပြီး အနီးအနား မြို့တွေမှာ လျှပ်စစ်ပြတ်တောက်ခဲ့ကာ နေအိမ်အချို့ ဖျက်စီးခံခဲ့ရပါတယ်။ အဘ်ဗီဗယ်လီ အနီးတစ်ဝိုက်နှင့် အာလင်တွန်မြို့တွင် ပြင်းထန်တဲ့ရာသီဥတုတွေကြောင့် မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်လေ့ရှိပြီး တစ်နာရီကို မိုင်၆၀နှုန်းရှိပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်မှုမှာ ဒေသစံတော်ချိန် ၆နာရီ ၃၅မိနစ် တွင်အစပျိုးတိုက်ခတ်ခဲ့ပြီး ၇နာရီတွင် လွင့်စင်ပပျောက်သွားခဲ့တယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment