Powered by Blogger.

ထောင်ဖောက်ထွက်ပြေးဖို့ ၁.၅ကီလိုမီတာ လှိုင်ခေါင်းကိုသုံးခဲ့တဲ့ အင်အားကြီးမူးယစ်ဘုရင်




မက္ကဆီကိုရဲ့ အင်အားအကြီးဆုံး မူးယစ်ဘုရင်ဟာ ၁ ဒဿမ ၅ကီလိုမီတာ အရှည်ရှိ ဥမင်လှိုင်ခေါင်းကနေတဆင့် လုံခြုံရေးအမြင့်ဆုံးထားရှိထားတဲ့ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သူနေတဲ့ အကျဉ်းထောင်အခန်းက ရေပန်းမှာ စပေါက်ခဲ့တာလို့ အာဏာပိုင်တွေက ၀န်ခံထားပါတယ်။

မူးယစ်ဘုရင် Joaquin ‘El Chapo’ Guzman ဟာပထမအကြိမ် ထောင်ကထွက်ပြေးလွတ်မြောက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကပဲ ဒုတိယအကြိမ် ပြန်လည်ဖမ်းမိခဲ့တာပါ။

နောက်တစ်ကြိမ် ထွက်ပြေးမလွတ်မြောက်ရစေပါဘူးလို့ အာဏာပိုင်တွေကလည်း ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ်စီစဉ်ထားတဲ့ ထွက်ပြေးလွတ်မြောက်မှုကို အာဏာပိုင်တွေက လုံးဝမသိခဲ့ပါဘူး။

သူ့အတွက် အထူးစီစဉ်ထားပုံရတဲ့ တစ်မိုင်လောက်ရှည်တဲ့ ဥမင်လှိုင်ခေါင်းကနေ တဆင့်ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။ လှိုင်ခေါင်းထဲမှာလည်း မော်တော်ဆိုင်ကယ်တစ်စီးက အသင့်ရှိနေပါတယ်။

သူ့ကိုဖမ်းမိဖို့ရာ သတင်းပေးနိုင်ရင် ကန်ဒေါ်လာ ၃ ဒဿမ ၈ သန်းချီးမြှင့်မယ်လို့ မက္ကဆီကိုအစိုးရက ကြေညာထားပါတယ်။ မက္ကဆီကို ပြည်ထဲရေးဝန်ကြီးဟာ ထောင်ဥက္ကဌကို အလုပ်ဖြုတ်ခဲ့ပြီး Guzman ကို ထောင်ထဲမထည့်ရမချင်း ရပ်မှာမဟုတ်ကြောင်း အစိုးရကို ကတိပြုကြောင်း ပြောကြားခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : CNN
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment