Powered by Blogger.

Texas အမျိုးသားဥယာဉ်မှာ ရှဉ့်က မြွေကိုစားခဲ့ပါသတဲ့




Texas အမျိုးသားဥယာဉ်မှာ ရှဉ့်တစ်ကောင်က မျိုးစိတ်အရ ဖြစ်လေ့ဖြစ်ထမရှိပေမယ့် မြွေတစ်ကောင်ကို စားသောက်နေတဲ့ ပုံကို U.S Department of Interior က ဖော်ပြခဲ့ပါတယ်။

ဒီဓါတ်ပုံကို Facebook နဲ့ Twitter တို့မှာ ဖော်ပြခဲ့တာဖြစ်ပြီး Guadalupe Mountains အမျိုးသားဥယာဉ်မှ ထိန်းသိမ်းစောင့်ရှောက်သူ William Leggett က လျှပ်တစ်ပြက်ရိုက်ယူထားခဲ့တာ ဖြစ်ပါတယ်။

Leggett က ခြံထဲကဆူညံသံတွေကို ကြားပြီး ဒီထူးခြားတဲ့ ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။ ရှဉ့်ဟာ မြွေရဲ့အသားတွေ အရိုးတွေကိုပါ ၂လက်မသာသာလောက်သာ ကျန်တဲ့အထိ အငမ်းမရစားသောက်ပစ်ခဲ့တာဖြစ်ပါတယ်။

ပိုစ့်မှာ ဖော်ပြထားတာကတော့ ဒီလို ရှဉ့်တစ်ကောင်က မြွေကြီးတစ်ကောင်ကို စားသောက်တာမျိုးကို မမြင်ဖူး မကြားဖူးပါဘူးလို့ ရေးသားထားပါသေးတယ်။

 “ ရှဉ့်တွေဟာ များသောအားဖြင့် အပင်တွေ၊ အသီးနဲ့ သစ်စေ့တွေကိုသာ စားလေ့ရှိပြီး သူတို့ရဲ့ ဒီလို အပြုအမူတွေကို ထုတ်ပြလေ့မရှိပါဘူး။ သူတို့ဟာ ငှက်ဥတွေ၊ ပုတ်သင်ညိုတွေ နဲ့ မြွေတွေကိုလည်း စားသောက်ပါလိမ့်မယ်” လို့လည်း ရေးသားဖော်ပြထားပါတယ်။

( MTN )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment