Powered by Blogger.

အမျိုးသားပုံစံ လိင်အာသာဖြေ အရုပ် တွေ အမေရိက မှာ စတင်ရောင်းချ




လိင် အာသာဖြေ ဖို့အတွက် ထုတ်လုပ်ထားတဲ့ အရုပ်တွေအကြောင်းပြောရင် အမျိုးသမီး ပုံစံ အရုပ်တွေကိုပဲ ပြေးမြင်မိမှာပါ။ ဒါပေမယ့်လည်း ယောင်္ကျား ၊ မိန်းမ တန်းတူညီမျှလာတဲ့ ခေတ်မှာတော့ အမျိုးသမီး တွေအသုံးပြုနိုင်မယ့် အမျိုးသားပုံစံ လိင်အာသာဖြေ တဲ့ အရုပ်တွေလည်း ထွက်ပေါ်လာပါတယ်။

လော့အိန်ဂျလိစ် မြို့ အခြေစိုက် ကုမ္မဏီ တစ်ခုဖြစ်တဲ့ Sinthetics.com က ထုတ်လုပ်လိုက်တဲ့ ဖန်တီးမှု အရုပ်တွေဟာ တစ်ဦးတည်း လိင် စိတ်ဆန္ဒကို ဖြေဖျောက်တဲ့နေရာမှာ အဆင့်ပိုမိုမြင့်သွားခဲ့ပါပြီ။

ဝက်ဘ်ဆိုက်မှာဖော်ပြထားတာကတော့ ထို အရုပ်တွေဟာ လှုပ်ရှားမှု ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်စေမယ့် အရိုးအဆစ် တွေကိုထည့်သွင်းပေးထားပြီး ထို အမျိုးသား ပုံစံ အရုပ်ရဲ့ ခါးတွေဟာ ဆိုရင် ဘေးတိုက် ဖြစ်စေ ၊ ရှေ့ နောက်ဖြစ်စေ လှုပ်ရှားနိုင်စွမ်း ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

အရုပ်ဆိုပေမယ့်လည်း ထို အရုပ်မှာ အမျိုးသား လိင်အင်္ဂါ ပါဝင်မှာ ဖြစ်ပြီး ပျမ်းမျှအားဖြင့် အမျိုးသမီး တစ်ယောက် နှစ်သက်နိုင်မယ့် ပုံစံ အနေအထားနဲ့ အရွယ်အစား အတိုင်း ဖန်တီးထားတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အရုပ်တိုင်းဟာ စကား ပြောခိုင်းလို့လည်း ရနိုင်မှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခြားနားမှု တွေအရ စတာလင်ပေါင် ၃၇၅၀ ကနေ စတာလင်ပေါင် ၁၀၀၀၀ ကျော် အထိ ဈေးအမျိုးမျိုး ရှိနိုင်တယ်လို့ဆိုပါတယ်။ အပို ရွေးချယ်ခွင့်တွေအနေနဲ့ ထို အရုပ်တွေကို ခန္ဓာကိုယ် အမွှေးအမျှင်တွေ ထည့်လိုလျှင် စတာလင်ပေါင် ၄၅ ၊ တက်တူးတွေထည့်လိုလျှင် ၉၅ စတာလင်ပေါင် နဲ့ ကြွက်သားတွေထည့်လိုလျှင် စတာလင်ပေါင် ၁၆၀ စသဖြင့် အသီးသီး ထပ်မံ ကျသင့်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment