Powered by Blogger.

ဗြိတိန်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတဲ့ဆေးခန်းတွေကို ပိတ်သိမ်းပေးဖို့ ဆန္ဒထုတ်ဖော်




ဗြိတိန်မှာရှိတဲ့ ကိုယ်ဝန်ဖျက်ချ တဲ့ ဆေးခန်း တစ်ခုကို လူတစ်ချို့က လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ပြီးထိုဆေးခန်းကို ပိတ်ပေးဖို့ တောင်းဆိုကာ Pro-Life အစီအစဉ်ကို ပထမဆုံးအကြိမ် စတင်ခဲ့ကြပါတယ်။

ဗြိတိန် နိုင်ငံအတွင်းမှာ ရှိတဲ့ ဆေးခန်း အများစုဟာ ဒီလပိုင်းတွေအတွင်းမှာ ဆန္ဒထုတ်ဖော်သူတွေရဲ့ ဓါးစာခံ ဖြစ်လာခဲ့ပါတယ်။ အချို့သော ဆန္ဒထုတ်ဖော်သူတွေဟာ ဆိုင်းဘုတ်တွေနဲ့ စာသားတွေကိုင်ဆောင်ထားကြပြီး ထို ကိုယ်ဝန်ဖျက်ချတဲ့ ဆေးခန်းရှေ့မှာ တန်းစီမတ်တပ်ရပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ထို ဆေးခန်းအတွင်း ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေကိုလည်း လူတစ်ချို့က ၀ိုင်းဝန်းပြီး အပြစ်တင်နေခဲ့တာကိုတွေ့ရပါတယ်။

ဗြိတိန်နိုင်ငံ မှာ ပထမဆုံးစတင်ခဲ့တာဖြစ်တဲ့ Pro-Life အစီအစဉ် ဆန္ဒထုတ်ဖော်သူတွေကြောင့် လန်ဒန်မြို့  Blackfriars မြို့နယ်မှာရှိတဲ့ Abort67 ဆိုတဲ့ ကိုယ်ဝန်ဖျက်ချတဲ့ ၀န်ဆောင်မှု ကို အဓိက ပေးတဲ့ ဆေးခန်း တစ်ခု ပိတ်သိမ်းလိုက်ရတယ်လို့ ဗြိတိန် ကိုယ်ဝန်ဆောင်ဆိုင်ရာ အကြံပေးဝန်ဆောင်မှု ဌာန က ဆိုပါတယ်။

Hackeny North နဲ့ Stoke Newington ဒေသတွေမှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Diane Abbott ကတော့ ထို ဆန္ဒထုတ်ဖော်သူတွေဟာ ပြီးခဲ့တဲ့ နှစ်မှာကတည်းက ကိုယ်ဝန်ဖျက်ချတဲ့ ၀န်ဆောင်မှုကို ပိတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ဖူးတယ်လို့ ပြောပါတယ်။

အမှန်တစ်ကယ်တော့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ပိတ်သိမ်းလိုက်ရတဲ့ ဆေးခန်းဟာ Abort67 တစ်ခုတည်းမဟုတ်ပဲ အခြားဆေးခန်းတစ်ခုလည်းရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ဆေးခန်းနာမည်ကိုထုတ်ပြောဖို့ ငြင်းဆိုခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment