Powered by Blogger.

ကလေးအရင်းနှစ်ယောက်ကို လွန်ခဲ့တဲ့ နှစ်၂၀က ရေနှစ်သတ်ခဲ့တဲ့ မိခင်




လွန်ခဲ့တဲ့ နှစ်၂၀၊ အခုလို ရက်သတ္တပတ်မှာ Susan Smith ဆိုသူအမျိုးသမီးဟာ သူ့ရဲ့ ကလေးအရင်းနှစ်ယောက်ကို ရေနှစ်သတ်ခဲ့မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

သူ့ကလေးနှစ်ယောက်ကို သူတို့ရဲ့ကားထဲက ထိုင်ခုံတွေမှာထည့်ကာ တောင်ကာရိုလိုင်းနား ရေကန်ထဲကိုလိမ့်ဆင်းစေခဲ့တာ ဖြစ်ပါတယ်။

အသက်၃နှစ်အရွယ် Michael နဲ့ ၁နှစ်အရွယ် Alex တို့ ရေနစ်သေဆုံးပြီးတဲ့နောက်တော့ Susan ဟာ ယုံတမ်းတစ်ခုကို ဖန်တီးခဲ့ပါတော့တယ်။ ပြီးခဲ့တဲ့ ၉ရက်က ၀န်ခံမှုမပြုခင်အထိကို လူမည်းတစ်ယောက်က ကားခိုးသွားတာပါဆိုပြီး လိမ်ပြောနေခဲ့တာပါ။ “ကျွန်မဟာ လူ့အသိုင်းအ၀ိုင်းက ထင်သလိုမျိုး မကောင်းဆိုးဝါးတစ်ကောင် မဟုတ်ပါဘူး။ အဲ့ဒီ့လိုဖြစ်ဖို့ ဝေးလေစွပါပဲ။” လို့ သူမက ပြောခဲ့ပါတယ်။

 “အဲ့ဒီ့ညက ကိစ္စတချို့က အမှားကြီးမှားခဲ့တယ်။ ကျွန်မက ကျွန်မကိုယ်တိုင် မဟုတ်ခဲ့ပါဘူး။ ကျူးလွန်ဖို့ စိတ်လည်းမပါသလို၊ ကြိုတင်ကြံစည်ထားတာလည်း မရှိပါဘူး။” လို့သူမက ပြောတော့ ကားသူခိုးကြောင့်ဆိုတာ ဘာလို့လိမ်သလဲလို့ မေးကြည့်တဲ့အခါ “Michael နဲ့ Alex တို့နှစ်ယောက်ကို ချစ်တဲ့သူတွေကို သူတို့ဘယ်တော့မှ ပြန်တွေ့ကြတော့မှာမဟုတ်ဘူးဆိုတာ ဘယ်လိုပြောရမလဲ မသိလို့ပါ။” လို့ သူမကဖြေပါတယ်။ Susan ဟာ သူ့ကိုသေဒဏ်ချမှတ်ဖို့ တောင့်တနေပါတယ်။

၁၉၉၆ခုနှစ်က John D Long ရေကန်မှာ အမှတ်တရသွားလည်ကြတုန်းက ကလေးငယ် ၄ဦးအပါအ၀င် လူ၇ဦး ရေနစ်ခဲ့တာလည်း ရှိတယ်လို့ NBC က ပြန်လည်ထုတ်ဖော်ထားပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Newser
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment