Powered by Blogger.

နေ့ခင်းကြောင်တောင် အများပြည်သူသုံး ဖုန်းရုံထဲမှာ ချစ်တင်းနှောနေတဲ့ စုံတွဲ




လူမှုရေး နားမလည်တဲ့ စုံတွဲတစ်တွဲဟာ ဈေးဆိုင်မှာ ငါးဝယ်ဖို့သွားရင်း လမ်းမှာတွေ့တဲ့ ဖုန်းရုံတစ်ခုအတွင်း ၀င်ရောက်ပြီး ချစ်တင်းနှီးနှောနေခဲ့တာကို ဖြတ်သွားဖြတ်လာတွေက တွေ့ရှိသွားကြပါတယ်။

အသက် ၃၀ အရွယ် Gavin Wain ဆိုသူနဲ့ အသက် ၄၁ နှစ်အရွယ် Lisa Kerley ဆိုတဲ့ အမျိုးသမီး တို့ စုံတွဲဟာ ဈေးဆိုင်တစ်ခုကနေ ငါးဝယ်ဖို့သွားနေရင်းနဲ့ စိတ်မထိန်းနိုင်တော့ပဲ လမ်းမှာတွေ့တဲ့ ဖုန်းရုံတစ်ခုထဲ ၀င်ရောက်ပြီး နေ့ခင်းကြောင်တောင်ကြီး မှာ ချစ်ရည်လူးနေခဲ့တာဖြစ်ပါတယ်။

မျက်မြင်သက်သေတစ်ဦးလည်းဖြစ်တဲ့ ဖြတ်သွားဖြတ်လာတစ်ဦးကတော့ " ဒီလိုအကျင့်မျိုးကိုခွေးတွေမှာပဲ ရှိမယ်ထင်ခဲ့တာ.။ လူတွေမှာ ရှိနေမယ်လို့ မထင်ခဲ့မိဘူး။ အဲဒီ ဖုန်းရုံနားမှာ နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေ အများကြီးရှိပါတယ်။ အဲဒီဖုန်းရုံကိုလည်း သူငယ်ချင်းတွေကိုဖုန်းဆက်ဖို့နဲ့မိသားစု ၀င်တွေကို ဆက်သွယ်ဖို့ သက်ကြီးရွယ်အိုတွေက အသုံးပြုရပါတယ်။" လို့ ဆိုပါတယ်။

စိုးရိမ်စရာရှိတာတော့ ထိုစုံတွဲလို အခြား လူမှုရေးမသိတတ်တဲ့ စုံတွဲတွေကလည်း ထိုဖုန်းရုံထဲဝင်ရောက်ပြီး လိင်ဆက်ဆံနေကြမှာကိုပါ။

ှStaffordshire ပြည်နယ် ၊ Tamworth မြို့မှာနေထိုင်တဲ့ သူတို့စုံတွဲ ရဲ့ ထူးဆန်းတဲ့အပြုအမူကိုတွေ့ရှိသွားတဲ့ လူတစ်ယောက် က တစ်ခေါက်ပြန်လာပြီး သူတို့ စုံတွဲကိုမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ကလေး ၄ ယောက်အမေ ဖြစ်တယ်လို့ သိရတဲ့ Lisa နဲ့ Gavin တို့ဟာ ဈေးဆိုင်မှာ ငါးဝယ်ဖို့သွားရင်း ရာသီဥတု အပူရှိန်ကြောင့် ဘီယာတွေပါ ၀ယ်လာပြီး ထို ဖုန်းရုံနား အရောက်မှာ Gavin က နောက်ပြောင်ရင်း Lisa ကိုမေးခဲ့ရာမှာ တစ်ကယ် အကောင်အထည်ဖော်ဖြစ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်မတို့ စိတ်ပါနေပြီး ဖုန်းရုံနားက ဖြတ်သွားတော့ မှ ခဏလေး ၀င်ပြီး ဒီလိုလုပ်လိုက်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ကျွန်မတို့ ၂ ယောက်လုံးက ပြင်ပ မှာ ချစ်ရည်လူးရတာကို သဘောကျပြီး လူတွေရှေ့မှာတော့ လုပ်လေ့မရှိပါဘူး" လို့ Lisa ကဆိုပါတယ်။

လူမြင်ကွင်းမှာ လိင်ဆက်ဆံတာဟာ ဥပဒေ အရ ပြစ်မှု မြောက်တယ်လို့ Staffordshire ပြည်နယ် ရဲတပ်ဖွဲ့ကဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment