Powered by Blogger.

ယမာကာတွေရဲ့ ရနံ့ အခိုးအငွေ့တွေကြား စီးမြောရမယ့် ကမ္ဘာ့ပထမဆုံး ယမကာပွဲတော်




ကော့တေး ချစ်သူတွေဟာ သူတို့ အချစ်ဆုံး ယမကာတွေရဲ့ ရနံ့ အခိုးအငွေ့တွေကို ကမ္ဘာ့ပထမဆုံး "သင့်လျှာအတွက်ယာမကာဆိုင်ရာ မိုးလေ၀သ စနစ်" ဆိုတဲ့ ပွဲတော်မှာ ရှုရှိုက်ခွင့် ရမှာ ဖြစ်ပါတယ်။

ထို ပွဲတော်ရဲ့ အဓိက တင်ဆက်ပြသမှုဟာ ယမကာတွေရဲ့ ရနံ့ အခိုးအငွေ့တွေဖြစ်ပြီး ယမကာ တွေကို အခိုးအငွေ့တွေအဖြစ် ပြောင်းလဲစေကာ အားပြင်းတဲ့ စိုထိုင်းစက်ကို အသုံးပြုပြီး တိမ်တွေကဲ့သို့ ဖန်ဆင်းထားမှာ ဖြစ်ပါတယ်။

စိုထိုင်းမှု ၁၄၀ ရာခိုင်နှုန်းရှိတဲ့အတွက် လာရောက်လည်ပတ်သူတွေဟာ တိပ်တွေပေါ်မှာ လမ်းလျှောက်ပြီး ဘား တစ်ခုကို ရောက်သွားသလို ခံစားရစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယမကာတွေကိုလည်း အဆုတ်ထဲကို ရှုသွင်းခြင်း နဲ့ မှီဝဲ နိုင်မှာ ဖြစ်ပါတယ်။

ထို ယမကာဆိုင်ရာ ဗိသုကာ ပွဲတော်ကို နောက်လအတွင်း လန်ဒန်မြို့ ၊ Southwark ဧရိယာ မှာရှိတဲ့ Borough ဈေးအတွင်းကျင်းပမှာဖြစ်ပြီး ၆ လတိတိကျင်းပသွားမှာ ဖြစ်တယ်လို့ Daily Record သတင်းဌာန က ဖော်ပြထားပါတယ်။ ထို ပွဲတော်ဖြစ်မြောက်ရေးရဲ့ နောက်ကွယ်က အဖွဲ့ဝင်တွေဟာ ဘုန်းကြီးတွေ ကိုယ်တိုင် ဖန်တီးထားတဲ့ ၀ိဥာဉ်တွေနဲ့ ဘီယာတွေကို Menu တစ်ခုမှာ ရေးသားဖော်ပြထားမှာ ဖြစ်ပါတယ်။

ထိုပွဲကိုလာရောက်သူတွေဟာ အထူးစီစဉ်ထားတဲ့ ၀တ်စုံ တစ်ခုကို ၀တ်ဆင်ရမှာဖြစ်ပါတယ်။ ထို ၀တ်စုံက စိုထိုင်းမှု မြင့်မားတဲ့အတွင်းပိုင်းက အခိုးအငွေ့တွေကြောင့် အ၀တ်အစာများ ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာရောက်လည်ပတ်သူတွေဟာ တစ်ရက်ကို တစ်ကြိမ်သာ လည်ပတ်ခွင့်ရမှာ ဖြစ်ပြီး တစ်ကြိမ်လျှင်လည်း ၁ နာရီသာ ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုပွဲကိုစီစဉ်တဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သူ Bompas ကတော့ "ကျွန်တော်တို့ဟာအသက်ရှုလမ်းကြောင်းဆိုင်ရာသိပ္ပံပညာရှင်တွေနဲ့ ဓါတုဗေဒ ပညာရှင်တွေ နဲ့အတူ လက်တွဲပြီး  လာရောက်လည်ပတ်သူတွေ ထို အခိုးအငွေ့တွေကြားဘယ်လောက်ထိ နေနိုင်မလဲဆိုတာကို တွက်ချက်ပြီးမှ ခွင့်ပြုခဲ့တာဖြစ်တယ်" လို့ ဆိုပါတယ်။

ထို ပွဲစီစဉ်တဲ့ အဖွဲ့ဟာ အခန်းရဲ့ အကျယ်အ၀န်း ၊ လူအရေအတွက် ၊ လေထုပြောင်းလဲမှု ၊ အဆုတ် ရဲ့ ခံနိုင်ရည် ရဲ့ ယမကာ စိမ့်ဝင်မှု နှုန်းတွေကို တွက်ချက်ပြီး လုံခြုံမှု ရှိအောင် ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment