Powered by Blogger.

ကိုယ်ဝန်ရှိနေတယ်လို့ ဆေးရုံက အကြောင်းကြားတာ ခံခဲ့ရတဲ့ အသက် ၉၉ နှစ်အရွယ် အမျိုးသမီး




အမျိုးသမီး တစ်ဦးဟာ ဆေးရုံကနေ သူမ မှာ ကိုယ်ဝန်ရှိနေကြောင်း အသိပေးတဲ့ စာတစ်စောင် ကိုလက်ခံရရှိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Doris Ayling ဟာ အသက် ၁၀၀ နီးပါး ရှိနေပြီဖြစ်တဲ့အတွက် ဒီအကြောင်းကြားစာ က တစ်ခုခု မှားယွင်းနေပြီ ဆိုတာကို သူမ သိလိုက်ပါတယ်။ အတိအကျ အားဖြင့် အသက် ၉၉ နှစ်ရှိနေပြီဖြစ်တဲ့ Doris က စာကို ဆက်ဖတ်လိုက်တဲ့အခါမှာတော့ စာထဲမှာ သူမရဲ့ ဆီးကို ယူလာပြီး စစ်ဆေးကာ မွေးဖွားမယ့်ရက်ကို ခန့်မှန်းဖို့ အကြောင်းအရာတွေပါပါ ၀င်လာပါတယ်။

အမှန်တစ်ကယ်တော့ သူမရဲ့ ပင်စင်စား ကလေး ၃ ယောက် လုံးဟာလည်း သူတို့အနေနဲ့ မွေးချင်း မောင်နှမ တစ်ယောက် ထပ်မရနိုင်ဘူးဆိုတာလည်း သိပြီးသားပါ။ နောက်ဆုံးမှာတော့ Portsmouth ဆေးရုံက Doris နဲ့ မိသားစုဝင်တွေကို တောင်းပန်ခဲ့ပြီး ဒါဟာ စီမံခန့်ခွဲမှု ဆိုင်ရာ မှားယွင်းမှု တစ်ခုသာ ဖြစ်နေခဲ့ပါတယ်။

ဗြိတိန် နိုင်ငံ တောင်ပိုင်းက West Sussex ပြည်နယ်မှာနေထိုင်တဲ့ Doris က Sun သတင်းဌာနကို ပြောပြခဲ့တာကတော့ "ကျွန်မဟာ အသက် ၁၀၀ ပြည့်တော့မှာပါကျွန်မ ဘယ်လို ကလေးယူမှာလည်း။ ကျွန်မမှာ ကလေး ၃ ယောက်နဲ့ မြေး အယောက် ၂၀ ရှိပါတယ်။ ဒါပေမယ့်ကျွန်မ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်ကတည်းက ကလေးမရတော့တာပါ" လို့ ဆိုခဲ့ပါတယ်။

သူမရဲ့ အသက် ၇၆ နှစ်အရွယ် သားဖြစ်သူကတော့ ဒီ အဖြစ်အပျက်ကို ဟာသ တစ်ခုအဖြစ်သာ သတ်မှတ်ခဲ့ပြီး ရယ်မောနေခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment